ကျွန်းစုမြို့နယ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသည့် စက်လှေများ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် ကတန်ကျွန်း၏ အနောက်တောင်ဘက် ကမ်းခြေ၌ ဆိုက်ကပ်ထားသည့် အလျား ပေ ၆၀၊ အနံ ၁၀ ပေ၊  ရေစူး ၄ ပေခန့်ရှိ စက်လှေတစ်စင်းပေါ်မှ ဦးမြင့်စိုး(ဘ)ဦးမျိုးမြင့်အား တောသစ်ခွဲသား ဆိုဒ်စုံ ၇ တန်ခန့်ဖြင့် လည်းကောင်း၊ အလျား ၄၅ ဒသမ ၅ ပေ၊ အနံ ၁၂ ပေ၊ ရေစူး ၄ ပေခန့်ရှိ စက်လှေပေါ်မှ တောသစ်ခွဲသား ဆိုဒ်စုံ ၇ တန်ခန့်ကို လည်းကောင်း တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စက်လှေများ၊ တရားမဝင်သစ် များနှင့်အတူ ဖမ်းဆီးရမိသူအား ကျွန်းစုမြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း    သတင်းရရှိသည်။