မင်းပြားမြို့အနီး မင်းချောင်း ချောင်းအတွင်း တရားမဝင်သစ်များ တင်ဆောင်လာသည့် စက်လှေသုံးစင်းဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၁၈

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၆ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် မင်းပြားမြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ မင်းချောင်း ချောင်းအတွင်း အရှေ့မှအနောက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်စက်လှေသုံးစင်းကို တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရာ စက်လှေများပေါ်မှ တရားမဝင်သစ်ခွဲသားမျိုးစုံ ၃၉ တန်ခန့်ကို စက်လှေပိုင်ရှင်များဖြစ်သော ဦးမောင်မြင့်ထွန်း(ဘ)ဦးမောင်သာထွီး၊ ဦးခင်မောင်ချေ(ဘ)ဦးကြာထွီးအောင်၊ ဦးမောင်မြဝင်း (ဘ)ဦးစံကျော်အောင်တို့ သုံးဦးအပါအဝင် အမျိုးသား ၁၀ ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင်သစ်များ၊ စက်လှေများနှင့် ဖမ်းဆီးရမိသူများအား မင်းပြား မြို့မရဲစခန်းနှင့်    သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။