ဥတ္တရခရိုင်ပြည်သူ့ စာကြည့်တိုက်၌ စာဖတ်ဝိုင်း ဆွေးနွေး

နေပြည်တော်  သြဂုတ်  ၁၈

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ၌ ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုးက  စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဥတ္တရခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်းဥက္ကဋ္ဌ ဒေါ်နန်းဝင်းဝင်းစိန်(ရဿဝတီ မေနန်း)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဆရာစိန်ဝင်းနွယ် (ဘာသာပြန်)၊ဆရာရဲမွန်ကျော်၊ မောင်လေပြေ(တောင် တွင်း)နှင့် စာပေချစ်သူ များက ဖိုးသီလ၏ သုတမှတ်စု စာအုပ်တွင်ပါဝင်သည့်    ပန်းဆယ်မျိုးအကြောင်း သိကောင်းစရာ များ၊ စကားအကြောင်း သိကောင်းစရာ များ၊ ပန်းရွဲပညာအကြောင်း သိကောင်းစရာများ၊ စေတီ အကြောင်း သိကောင်းစရာများ၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာများနှင့်စာကြည့်တိုက် အကြောင်း သိကောင်းစရာများ  စသည့်ဗဟုသုတ ဖြစ်ဖွယ်ရာများကိုဆွေးနွေးကြသည်။

ယင်းနောက် စာရေးဆရာ ယဉ်ကျေးဆုက စာအုပ် တွင်အခန်း ၃၈ ခန်းပါဝင်ကြောင်း၊စာရေးဆရာကြီးများ ၏ရေးသား ချက်များကို လေ့လာဆည်းပူးမိသမျှ မိမိ ဖြတ်သန်းခဲ့ရသည့် ဘဝတစ်လျှောက်တွေ့ကြုံသိရှိခဲ့ သမျှ ဗဟုသုတများကိုလက်ဆင့်ကမ်းပေးဝေလိုသည့် ဆန္ဒဖြင့်ရေးသားထားကြောင်း၊ စာအုပ်တွင် ပန်းဆယ်မျိုး အကြောင်း သာမက အခြားသိသင့်သိထိုက်သည့်ဗဟု သုတများကိုပါထည့်သွင်းရေးသားထားသည့်စာအုပ်တစ် အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဥတ္တရ ခရိုင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအနေဖြင့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှစတင်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရာ ယခုအကြိမ်အပါအဝင် စုစုပေါင်း ၂၉ကြိမ် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။   

တင်ဆန်းဦး

။။။။။။။။။။။။