မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အစုံမှ နှမ်းသစ် ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးကွက်အေးပြီး ဈေးငြိမ်နေ

မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အစုံမှ နှမ်းသစ် ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးကွက်အေးပြီး  ဈေးငြိမ်နေကြောင်း  မန္တလေးမြို့  ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေ ၏ပြောကြားချက်အရ   သိရသည်။

လတ်တလောတွင် မကွေးတိုင်းဒေသကြီးရှိ မကွေး၊ စနေကျွန်း၊ စလင်း စသည့် မြို့နယ်များအပါအဝင်  မြို့နယ်အများစု၌   နှမ်းသစ်များ  ထွက်ပေါ်နေပြီဖြစ်သည်။

''ဈေးကွက်အနေအထားက အေးတယ်။ တရုတ်နိုင်ငံဘက်က ဝယ်လိုအားလျော့တာ ထက် မကွေးတိုင်းဒေသကြီး  နယ်စုံက နှမ်းသစ်တွေ ထွက်လာတော့   အဲဒီဝယ် လိုအားပေါ်မှာ   နည်းနည်းချိန်ဆနေတဲ့ သဘောရှိပါတယ်။ ဒီနှစ်  ရာသီဥတုအခြေ အနေကြောင့်  နှမ်းအထွက်နည်းတာပါ။   နှမ်းအများကြီး  မထွက်နိုင်ဘူးဆိုတော့  ဈေးမကျလောက်ဘူး''  ဟု  ဦးမျိုးဆွေက ပြောသည်။

ထိုသို့    နှမ်းဝယ်လိုအားနည်းကာ ဈေးကွက်အေးနေသော်လည်း  ဈေးနှုန်း ကျဆင်းမှု သိသိသာသာမရှိဘဲ ဈေးငြိမ်နေကြောင်းနှင့် နှမ်းထွက်ရှိချိန်မှာ တစ်လခန့် ကြာမြင့်မည်ဖြစ်ရာ   လတ်တလောတွင် ဈေးကွက်အေးနေပြီး  ဈေးနှုန်းအမြင့်ပိုင်းသို့ ရောက်ရှိရန် မလွယ်ကူကြောင်း    သိရသည်။

သြဂုတ် ၁၈ ရက်တွင်  နှမ်းနက်  (စမုန်) ထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂ဝ၅ဝဝဝ၊ ဂျပန်နှမ်းဖြူထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၃၅ဝဝဝ၊ နှမ်းဖြူ ရိုးရိုး  ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁ဝဝဝဝ  နှင့်  နှမ်းညိုထိပ်စ သုံးတင်းဝင် တစ်အိတ်လျှင်    ငွေကျပ်  ၁၁ဝဝဝဝ စသည်ဖြင့်  ဈေးနှုန်းအသီးသီး ရှိကြောင်း သိရသည်။