မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း ဖရဲသခွားမွှေးကားများ စတင်ဝင်ရောက်လာသဖြင့် ပုံမှန်ဈေးတန်း များဖြင့် လည်ပတ်ရောင်းချ

မူဆယ်(၁၀၅)မိုင်  နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်း   ဖေဖော်ဝါရီ  ၃ ရက်က  ဖရဲ၊  သခွားမွှေးကားများ  စတင်ဝင်ရောက်လာသဖြင့် ပုံမှန်ဈေးတန်းများဖြင့်  လည်ပတ်ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်က သစ်သီးကားတွေ ဝင်ထွက်မှုရပ်ဆိုင်းနေပြီး ဖေဖော်ဝါရီ ၂ ရက်မှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် တစ်ခုလုံး စတင်လည်ပတ်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်မှာ ဖရဲ၊ သခွားမွှေးကားတွေ စတင်ဝင်ရောက်လာတဲ့အတွက်   ပုံမှန်ဈေးတန်းတွေနဲ့  လည်ပတ်နေပါပြီ။   ဖရဲ၊ သခွားမွှေးကားတွေ    စတင်ဝင်ရောက်ရောင်းချနေကြသလို ပစ္စည်းဖြည့်ဖို့ အလော

တကြီးလိုအပ်နေတဲ့ ဝယ်လက်တွေနဲ့လည်း  ချိတ်ဆက်ရောင်းဝယ်နေကြပါတယ်။ ဒီနေ့ ကားဝင်နိုင်တဲ့အရေအတွက်က ခန့်မှန်းခြေ အစီးရေ ၁၀၀ ကျော်လောက်ရှိပါတယ် ဟု မူဆယ် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ကပြောသည်။

ဖေဖော်ဝါရီ  ၃ ရက် နံနက်ပိုင်းတွင် ၈၅၅  ဖရဲ  ထိပ်စ  စီးပြတ်ဈေးမှာ ယွမ် ၃၅၀၀၀ မှ  ၄၅၀၀၀ ကြား၊  ထိုင်ဝမ်ဖရဲ  တစ်တန်လျှင် ယွမ် ၄၀၀၀ မှ ၄၈၀၀ ကြားဈေးနှုန်းများဖြင့်    ရောင်းဝယ်နေကြပြီး သခွားမွှေးတစ်တန်လျှင် ယွမ် ၄၀၀၀ မှ

၆၀၀၀ ကြားဖြင့်  ဈေးပြတ်ရောင်းချလျက်ရှိသည်။

ဖေဖော်ဝါရီ ၃ ရက်က တရုတ်တစ်ယွမ်လျှင် ငွေကျပ် ၂၀၃ ကျပ်ဝန်းကျင် ဈေးနှုန်းရှိကြောင်း သိရသည်။ 

နန်းထက်ထက်ချစ်