နေ့စဉ်ဘဝမှာ ကျန်းမာရေးကိုစောင့်ကြည့်အကြံပေးမယ့်အရာ

ဒီကနေ့ခေတ်မှာ လူတွေဟာ စားဝတ်နေရေးအတွက် အလုပ်တွေကိုပိုလုပ်လာရပါတယ်။ တစ်ဖက်မှာ အလုပ်တွေပိုလုပ်လာရပေမယ့် တစ်ဖက်မှာကိုယ့်ကျန်းမာရေး ဆိုးဝါးလာတာကို သတိမပြုမိကြပါဘူး။ ကိုယ့်ရဲ့ကျန်းမာရေး မကောင်းတော့တာကို ဘယ်အချိန်မှာသိလဲဆိုတော့ ကိုယ်တိုင်နေထိုင်မကောင်း ဖြစ်တော့မှသာ သိကြပါတယ်။

အဲဒီအချိန်မှာတော့ တချို့က ဆေးမတိုးတော့အောင်ကို ရောဂါကျွမ်းနေပါပြီ။ တချို့ကျတော့လည်း အပ်နဲ့ ထွင်းရမယ့် အရာကို   ပုဆိန်နဲ့ပေါက်ရတဲ့အတွက် ငွေကုန်ကြေးကျပိုများသွားစေပါတယ်။ တကယ်လို့သာ ကိုယ့်ရဲ့ကျန်းမာရေးက ယိုယွင်းစပြုနေပြီဆိုတာကို စောစောစီးစီးသိခဲ့မယ်ဆိုရင် အချိန်မီကြိုတင် ကာကွယ်မှုနဲ့ ကုသမှုခံယူနိုင်မှာဖြစ်ပြီး မလိုလားအပ်ဘဲအသက်ဆုံးရှုံးမှာမဟုတ်တော့ပါဘူး။

ဒါဆိုရင် ကိုယ့်ကျန်းမာရေးကောင်းလား၊ မကောင်းဘူးလားဆိုတာကို အချိန်မီသိနိုင်ဖို့အတွက် ဘယ်လိုလုပ် ရမလဲဆိုတဲ့အဖြေအတွက်ကတော့ ပုံမှန်ဆေးစစ်မှုလုပ်ဖို့သာဖြစ်ပါတယ်။  သာမန်အားဖြင့် ဒီလိုစစ်ဆေးမှု အတွက် သတ်မှတ်ချက်က တော့ ခြောက်လတစ်ကြိမ်ဖြစ်ပါတယ်။ဒါပေမဲ့ အထက်မှာဆိုခဲ့သလို လူတွေ ဟာအလုပ်တွေကို ပိုလုပ်လာတာကြောင့် အချိန်အားလပ်မှုဆိုတာမရှိတော့အောင်ကိုဖြစ်နေတဲ့အတွက် ပုံမှန်ဆေးစစ်မှုလုပ်ဖို့ဆိုတာကလည်း တချို့အတွက်တော့ အပြောသက်သက်သာဖြစ်နေပါတယ်။ ဒါကြောင့် ဂျပန်ကုမ္ပဏီတစ်ခုက နည်းပညာကို အကျိုးရှိရှိအသုံးချပြီး ဒီပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းပေးဖို့ ကြံရွယ်နေပါတယ်။ ဒီပြဿနာအတွက် သူ့ရဲ့အဖြေကတော့ နည်းပညာမြင့်အိမ်သာကမုတ်ပါ။

လူသားတွေစွန့်ထုတ်လိုက်တဲ့ ဆီး၊ ဝမ်းတွေထဲမှာ  အဲဒီလူတွေရဲ့ကျန်းမာရေးအခြေအနေကို ညွှန်ပြပေးနေတဲ့ အရာတွေ အမြောက်အမြားပါဝင်ပါတယ်။ဒီအတွက်ကြောင့် ဆီး၊  ဝမ်းတွေကို လေ့လာဆန်းစစ်မှုတွေသာ လုပ်နိုင်မယ်ဆိုရင် လူတွေရဲ့ကျန်းမာရေးအခြေအနေကို အလွယ်တကူသိရှိနိုင်စေပါလိမ့်မယ်။ ဥပမာအားဖြင့် ဆီးနဲ့ဝမ်းတို့ရဲ့အနံ့ကို လေ့လာဆန်းစစ်ခြင်းအားဖြင့် လူ့ခန္ဓာကိုယ်မှာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ ကျန်းမာရေး အခြေအနေကို သိရှိနိုင်ပါတယ်။

ဒါကြောင့်လည်း ဂျပန်ကုမ္ပဏီတစ်ခုက အခုလိုမျိုးနည်းလမ်းကိုစဉ်းစားပြီး နည်းပညာမြင့်အိမ်သာကမုတ်ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီကတော့ အရင်တုန်းကလည်း အပူပေးအိမ်သာကမုတ်နဲ့ ရေဆေးစနစ် တစ်ပါတည်းပါဝင်တဲ့ အိမ်သာကမုတ်ကို ဖန်တီးမှုကြောင့် နာမည်ကျော်ကြားပြီးသားဖြစ်တဲ့ တိုတိုကုမ္ပဏီပါပဲ။ တိုတိုကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ အိမ်သာကမုတ်ကတော့ အာရုံခံကိရိယာတွေနဲ့ တခြား ကျန်းမာရေးစောင့် ကြည့်မှုနည်းပညာတွေပါဝင်မှာဖြစ်ပြီး အဲဒီစနစ်တွေက ကျန်းမာရေးလက္ခဏာတွေကို စောင့်ကြည့်ပေးနေမှာပါ။

ဒါပေမဲ့ ညစ်ပတ်တဲ့အရာတွေကို နမူနာအဖြစ်ရယူပြီး စစ်ဆေးမှုတွေလုပ်မှာ မဟုတ်ပါဘူး။ သူက ဆီးနဲ့ ဝမ်းထဲမှာပါတဲ့ ရောဂါဖြစ်စေတဲ့အရာတွေကိုသာ ရှာဖွေထောက်လှမ်းမှာဖြစ်ပါတယ်။ အကယ်၍   ပုံမှန်မဟုတ် တဲ့အရာတစ်ခုခုကို  အဲဒီအိမ်သာကမုတ်ကတွေ့ရှိပြီဆိုရင် အသုံးပြုသူအနေနဲ့ ဘယ်လိုမျိုးပုံစံနဲ့ ပြန်ပြီး ပြုမူနေထိုင်သင့်တယ်၊ ဘယ်လိုအစားအသောက်ကို ညီမျှစွာ စားသုံးသင့်တယ်စသည်ဖြင့် အကြံပြုပေးဦး မှာပါ။  သူကိုယ်တိုင်တော့ဖွင့်ပြောမှာမဟုတ်ပါဘူး။  စမတ်ဖုန်းကနေတစ်ဆင့် စာတိုပို့မှာပါ။ အလုပ်လုပ်ပုံ ကတော့ ရိုးရှင်းပါတယ်။ အိမ်သာအသုံးပြုသူက သူ့ရဲ့တင်နဲ့အိမ်သာ ထိုင်ကွင်းထိမိလိုက်ပြီဆိုတာနဲ့ အဲဒီ ထိုင်ကွင်းထဲမှာမြှုပ်ထားတဲ့ မြောက်မြားလှစွာသော အာရုံခံကိရိယာတွေက အသုံးပြုသူရဲ့ သွေးလှည့်ပတ် စီးဆင်းမှု၊ နှလုံးခုန်နှုန်း၊ အရေပြားအခြေအနေစတဲ့ အချက်အလက်တွေကို ရယူပါလိမ့်မယ်။ ပြီးတဲ့အခါ ရရှိလာတဲ့ အချက်အလက်တွေကို သူ့မှာရှိတဲ့အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဒီအိမ်သာကို အသုံးပြုသူဟာ စိတ်ဖိစီးမှုများနေလား၊ လေ့ကျင့်ခန်းလုပ်ဖို့လိုနေလားစတဲ့ အခြေအနေတွေကို စမတ်ဖုန်း ဆီပို့ပေးမှာဖြစ်ပါ တယ်။

ဒါ့အပြင် အဲဒီအိမ်သာကမုတ်ဟာ အသုံးပြုသူရဲ့ ခန္ဓာကိုယ်လျှပ်စစ်စီးဆင်းမှု အခြေအနေကို ထောက်လှမ်းပြီး အဲဒီလူရဲ့ ကိုယ်တွင်းအင်္ဂါအဆီဖုံးမှုပမာဏကို တိုင်းတာပေးနိုင်မှာပါ။ ဒါတင်ပဲလားဆိုတော့ လက်ရှိမှာ အဲဒီအိမ်သာကို သုတေသနပြုစမ်းသပ်နေဆဲဖြစ်တဲ့အတွက် နောက်ထပ် ဘယ်လိုလုပ် ဆောင်ချက်မျိုး ပါဝင်လာဦးမလဲဆိုတာ အတိအကျမသိနိုင်သေးပါဘူး။ တိုတိုကုမ္ပဏီဟာ အခုလိုမျိုးလုပ်ဆောင်ချက်အတွက် သူတစ်ယောက်တည်းတော့ လုပ်တာမဟုတ်ပါဘူး။ သုတေသနဌာနတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလက်တွဲတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးသူအနေနဲ့    ဘယ်လိုနေ ထိုင်စားသောက်ရမယ်၊ ဘယ်လိုဟင်းအမယ်တွေကိုတော့ ရှောင်ကြဉ်သင့်တယ်ဆိုတာကို ပြောပေးနိုင်တာပါ။

ယနေ့ခေတ်မှာ ကိုယ့်ကျန်းမာရေးကို အမြဲတစေစောင့်ကြည့်နိုင်ဖို့အတွက် စမတ်အိမ်သာတွေက    မရှိမဖြစ် အရေးပါတဲ့ နေရာကနေ ပါဝင်လာကြပါပြီ။ ဒီကနေ့လိုမျိုး ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်မှာဆိုရင် ကျန်းမာရေး ကောင်းအောင် နေထိုင်ဖို့က အလွန်ကိုအရေးကြီးလာတာ အမှန်ပါပဲ။ ဂျပန်နိုင်ငံမှာရှိတဲ့ တချို့သုတေသနအဖွဲ့ တွေဆိုရင် ကိုဗစ်-၁၉ ရောဂါ အစုလိုက် အပြုံလိုက်ဖြစ်ပွားမှုကို ရှောင်ရှားနိုင်ရေးအတွက် ဆီး၊  ဝမ်း အညစ်အကြေးနမူနာတွေကိုရယူပြီး လေ့လာမှုတွေလုပ်ဖို့ပြင်ဆင်နေပါတယ်။

တကယ်လို့သာ တိုတိုကုမ္ပဏီကထုတ်တဲ့ အခုလိုမျိုးအိမ်သာကမုတ်ကို အိမ်တိုင်းနီးပါး တပ်ဆင် အသုံးပြုနေ မယ်ဆိုရင် တာဝန် ရှိသူတွေအနေနဲ့ ကပ်ရောဂါဖြစ်ပွားမှုကိုတားဆီးဖို့  ခက်ခက်ခဲခဲလုပ်နေစရာ မလိုတော့ ပါဘူး။ ဒါ့အပြင် ခြောက်လတစ်ခါဆေးစစ်မှုအစား ကိုယ်ဆန္ဒရှိတဲ့အချိန်တိုင်း ဆေးစစ်မှုလုပ်နိုင်ပါလိမ့်မယ်။  ဒါကြောင့် တိုတိုကုမ္ပဏီရဲ့ နည်းပညာမြင့်အိမ်သာကမုတ်က လူသားတို့ရဲ့နေ့စဉ်ဘဝမှာ ကျန်းမာရေးကို စောင့်ကြည့်ပေးမယ့်အရာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Source: Nikkei Asia