ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19  ရောဂါ ပိုးတွေ့ လူနာသစ်   ၁၈ ဦး ထပ်တိုး

နေပြည်တော်  သြဂုတ်  ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19  ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များအရ ယနေ့ ဓာတ်ခွဲအဖြေများတွင် COVID-19  ရောဂါ ပိုး တွေ့ လူနာသစ် ၁၈ ဦး ထပ်တိုးကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၁၈-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၉၄၃ ခုတွင် COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၃ ဦးတွေ့ရှိရသည်။       

(၁၈-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါဓာတ်ခွဲ စစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၁၂၂၃ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၂ဝ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန (မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ ၇၈ ခု၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ ၂၅၆ ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁ဝဝဝ)မှ ဓာတ်ခွဲနမူနာ ၂၁၆ခု စုစုပေါင်း ၁၉၉၃ ခုအား စစ်ဆေး ခဲ့ခြင်း ဖြစ်သည်။

(၁၉-၈-၂ဝ၂ဝ)ရက်အတွက် COVID-19  ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်ဓာတ်ခွဲ နမူနာ ၅၆ဝ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR) မှ  ဓာတ်ခွဲ နမူ နာ ၂၃၇ခုနှင့် ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲ နမူနာ ၂ဝ၈ ခု စုစုပေါင်း ၁ဝဝ၅ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးခဲ့ရာ COVID-19  ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၅ ဦးတွေ့ ရှိရသည်။

(၁၉-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19  ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာ ၃၉၄ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (Old Confirmed Case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက် တိုက် ပိုးမတွေ့ ရှိသူနှစ်ဦး (Case-311 နှင့် 321) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၃၃၃ ဦး ရှိသည်။ ၎င်းတို့ အနက် ၃၂၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြု ခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာ များတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ခြောက်ဦးရှိသည်။ (၁၈-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂နာရီမှ (၁၉- ၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူနာအသစ် ၂၆ ဦးရှိကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။