ပြည်သူများ ပြည်ပနိုင်ငံများ၏ အဖျက်အမှောင့် သဘောထားများ လွှမ်းမိုးမှုကိုမခံရန် မိုဒီပြော

နယူးဒေလီ၊ နိုင်ငံရေး

အိန္ဒိယပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများ၏ အဖျက်အမှောင့်သဘောထားများ လွှမ်းမိုးမှုကိုမခံရန် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လယ်သမားများ၏ ဆန္ဒပြမှုနှင့် ပတ်သက်၍ လွှတ်တော်အစည်းအဝေးတွင် ထည့်သွင်းပြောသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ လူအချို့သည် ဆူပူမှုများဖြစ်ပွားအောင် ဖန်တီးနေကြောင်း၊ ပန်ဂျပ်ပြည်နယ်၌ ဖြစ်ပွား သည့် ဖြစ်စဉ်ကို မမေ့သင့်ကြောင်း၊ ၁၉၈၄ ခုနှစ်တွင်ဖြစ်ပွားသော ဆူပူမှုများအတွင်း ပန်ဂျပ်ပြည်နယ်သည် အဆိုးရွားဆုံး ခံစားရကြောင်း မိုဒီကပြောသည်။

ထို့ပြင် ဂျမူး-ကက်ရှမီးယားနှင့် နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတို့တွင်လည်း အထိနာခဲ့ကြောင်း၊ ဆစ်လူမျိုး များသည် လှည့်စားခံရပြီး အိန္ဒိယနိုင်ငံသည် ဆစ်လူမျိုးများ၏ ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း မိုဒီကဆက် ပြောသည်။

မကြာသေးမီကဖြစ်ပွားသော ဆူပူမှုများအတွင်း လယ်သမားများဆူပူအုံကြွစေရန် နိုင်ငံတကာက ထောက်ပံ့မှု များရှိကြောင်းလည်း မိုဒီကပြောသည်။ အိန္ဒိယနိုင်ငံ၌ လယ်သမားများ ဆန္ဒပြမှုသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်စရာဖြစ်လာပြီး ပြည်ပမှကျော်ကြားသူအချို့ကလည်း အိန္ဒိယလယ်သမားများအပေါ် စိုးရိမ်ပူပန် ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါ  ကျော်ကြားသူများအနေဖြင့် ထိုကဲ့သို့မှတ်ချက်ပြုမပြောမီ ယင်းအချက်အလက်များမှာ မှန်ကန်မှုရှိ၊ မရှိ ကို သေသေချာချာ လေ့လာစိစစ်ရမည်ဖြစ်ကြောင်း၊ ထိုသူများ၏ ဖြားယောင်းရေးသားထားသော မှတ်ချက်ပြုစကားများသည် တာဝန်ယူမှု၊ တိကျသေချာမှု ရှိ၊ မရှိကို စိစစ်ရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။   

Ref: Sputnik