ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  သြဂုတ်  ၁၉

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)   (MICC-2) ၌ ကျင်းပသည်။

ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊  ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်နှင့် တပ်မတော် သားအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ နာယက၊ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ  စောမူတူးစေးဖိုးနှင့် ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောမိုရှေး၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်း ရေးကောင်စီ) (KNU/KNLA)(PC) ဥက္ကဋ္ဌ စောထော့လေးနှင့် ဒုတိယဥက္ကဋ္ဌ စောရင်နု၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် အထွေထွေ အတွင်းရေးမှူး ဦးဆန်နီ၊ ချင်းအမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံးနှင့် ဒုတိယဥက္ကဋ္ဌ ပူးထန်နိန်းကီး၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဖြားတန် ခွန်ဥက္ကာနှင့် နာယက ဖြားတန်ခွန်တိဆောင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်နှင့် ဒုတိယ ခေါင်းဆောင် စောမြရာဇာလင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ် ယွက်စစ်နှင့် RCSS ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် စဝ်ဘောင်ခေး၊ မွန်ပြည်သစ် ပါတီ (NMSP)ဥက္ကဋ္ဌ နိုင်ဟံသာနှင့် ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)ဥက္ကဋ္ဌ ကြာခွန်ဆာနှင့် NCA-S EAO အစုအဖွဲ့မှ ညီလာ ခံ ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူ အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့ အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲ အခမ်းအနားတွင် ကယားပြည်နယ် ငြိမ်းချမ်းရေး လူငယ်အဖွဲ့က ''မငြိမ်းချမ်းလို့ မဖြစ်ဘူး'' တေးသီချင်းဖြင့် သီဆို ဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ထို့နောက် NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ စဝ်ယွက်စစ်က အမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစိုင်း ညွန့်လွင်က အမှာစကားပြောကြားသည်။

ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်း ဗီဒီယိုကိုပြသ သည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ များဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီ ခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဦးသန်းဌေး (USDP)၊ ဦးသိန်းထွန်း (NUP) ၊ ကရင်အမျိုးသား အစည်း အရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောမိုရှေး၊ ကရင် အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA) (PC) ဥက္ကဋ္ဌ စောထော့လေး၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲ၊ ချင်း အမျိုးသား တပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင် နာယက ဖြားတန် ခွန်ဥက္ကာ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွက်စစ်၊ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ တို့သည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြ ကြောင်း သတင်း ရရှိသည်။