တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံ ပြည်သူလူနာများအား တပ်မတော် ဆေးရုံများ၌ လက်ခံကုသ၊ ပြင်ပမှ ဆရာဝန်များ ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသရေး လုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ် ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော် ဆေးရုံများ၌ ယာယီ ကုသရေး ဆေးရုံများ ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ခရီးသွား ရောက်မည့် တိုင်းရင်းသား ပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်ပေးလျက် ရှိရာ ယခုအခါ တပ်မတော်မှပြည်သူများအား   လူသားချင်း စာနာစိတ်ဖြင့် ကူညီစောင့်ရှောက်ပေးနေသည်ကို သိရှိလာ သဖြင့်   ပြင်ပမှ ဆရာဝန်ခြောက်ဦးသည်  ၎င်းတို့၏ သဘောဆန္ဒအလျောက်ကုသရေးလုပ်ငန်း များတွင်  လာရောက် ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့   ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ  ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၃၄၄၃ ဦး၊ အတွင်း လူနာ ၁၅၆၂ ဦးကိုလွှဲပြောင်းခဲ့ပြီး တပ်မ တော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ က ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများကို  ဆေးရုံတင်ကာ ကျန်းမာရေးစောင့် ရှောက် ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်  စားသောက်ရေး အဆင်ပြေစေရန် အတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၃၄ ဦး၊ အသေး စား ခွဲစိတ်ကုသရန် လိုအပ်သူ ၆၃ ဦး၊ စုစုပေါင်း ၁၉၇ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာ ရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူး များက    အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေး မီးဖွားရန်အခက် အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက်စေ လျက်ရှိပြီး ၎င်းတို့အနက် ၈၄ ဦးကိုခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ကာ ၁၄၂ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ  အနာဂတ် မျိုးဆက်သစ်ကလေးငယ် ၂၂၆ ဦး ကို မွေးဖွားနိုင်ခဲ့သည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာအခက်အခဲများဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော် ဆေးရုံများသို့ အချိန် မရွေးဆက်သွယ်ဆေးကုသမှုခံယူနိုင်ကြောင်း နှင့်   သက်ဆိုင်ရာဆေးရုံများမှလည်း  လွှဲ ပြောင်း ကုသမှု ခံယူနိုင်ကြောင်းသိရှိရသည်။

ယနေ့တွင်  သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံ တပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက်ပြသသူများနှင့် ဆေးရုံတက် လူနာ များအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူ များက   သွားရောက် ကြည့်ရှု အားပေးပြီး  စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယခုကဲ့သို့  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးမှုအတွက် ဒေသခံ ပြည်သူဆေးရုံတက် လူနာစောင့် တစ်ဦးက  ယခုလိုပဲပြောကြားခဲ့ပါတယ်-

''ကျွန်မတို့ ရန်ကုန်ဆေးရုံကြီးကို သွားတယ်။ ရန်ကုန်ဆေးရုံကြီးကို သွားတဲ့အခါမှာ ဆေးရုံကြီးက ခုတင်-၅ဝဝ နဲ့  ဗဟို အမျိုးသမီးဆေးရုံကို သွားခိုင်းတယ်။ ကျွန်မတို့က ခုတင်-၅ဝဝ နဲ့ ဗဟိုအမျိုးသမီး ဆေးရုံကို သွားပြီး  သူတို့ဆီ က ရတဲ့အဖြေကို ရတဲ့အခါ မှာ ရန်ကုန်ဆေးရုံကြီး ဆီကိုပြန်သွားတယ်။

လာပြတဲ့အချိန်မှာရန်ကုန်ဆေးရုံကြီးက အထဲကို ပေးမဝင်တော့ဘူး။ ပေးမဝင်တော့ အပြင်မှာလူတွေက တန်းစီပြီး    စောင့်နေ တယ်။ အဲဒီတော့ကျွန်မတို့ကလည်း နီးစပ်ရာ ကိုလိုက်ပြတော့  ဗဟိုအမျိုးသမီးဆေးရုံက ဆရာဝန်က ဒီကိုသွားခိုင်းတယ်။ ဗဟိုအမျိုး သမီးဆေးရုံကဆရာဝန်က အဆင်မပြေရင်ပြော၊ ကျွန်မတို့လိုက်ကူ ညီပေးမယ်။ နောက်ဆုံး ဒီဆေးရုံကိုသွားလိုက်ပြောလို့ ဒီ(တပ်မတော်ဆေးရုံ)ကိုလာလိုက်တယ်။ ကောင်းပါတယ်။ အကုန်လုံး အဆင်ပြေပါတယ်။ ဒီလိုမျိုး လူနာတွေကို လက်ခံပေးတဲ့အတွက်  ကျေးဇူး လည်းတင်ပါတယ်။ ဒီအချိန်မှာ လူနာတွေ လက်ခံမှုက အဓိကပဲလေ။ ဆရာဝန်မရှိဘဲနဲ့ လူနာတွေကဘယ်သူ့ကိုသွားပြရမလဲ။ အခုလို မျိုးလက်ခံ ကုသပေးတဲ့အတွက် ဆရာဝန်တွေ  အကုန်လုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်'' ဟု လူနာစောင့် တစ်ဦးက ပြောသည်။