ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော်  ဖေဖော်ဝါရီ   ၁ဝ

COVID-19 ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရန်အတွက် နယ်မြေခံတပ်မတော်သားများ က ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊  တညင်းကုန်း ရပ်ကွက်၊  ဘုံရှည်ကုန်းကျေးရွာ၊  အမှတ်(၅)ရပ်ကွက်၊  အမှတ်(၆) ရပ်ကွက်၊ အမှတ်(၁၆)ရပ်ကွက်နှင့် အမှတ်(၂၁) ရပ်ကွက် တို့ရှိ အိမ်ထောင်စု ၆ဝ၁၈ စုတို့အတွက် ဆန်နှင့် ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ရှိ အိမ်ထောင်စု ၃ဝဝ စုအတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ဘီစကွတ်များကို နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ် အရောက် လိုက်လံပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။