နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြည်သူသို့ အသိပေးချက်

ယခုကာလတွင် တာဝန်သိစွာဖြင့်  နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ထမ်း ဆောင်နေမှု အပေါ် အနှောင့်အယှက်ဖြစ်စေရန်အတွက် မသမာသူအချို့မှ နည်းအမျိုးမျိုးဖြင့် ဖိအား ပေးခြင်း၊ ခြိမ်းခြောက် ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းတွေ့ရှိရသည်။ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိ၏ တာဝန် ထမ်းဆောင်မှုကို ထိခိုက် စေနိုင်သည့်ခြိမ်းခြောက်မှုများနှင့်ဖိအားပေးမှုများ ကြုံတွေ့ရပါက  အောက်ပါဖုန်း နံပါတ် များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။ ထိုကဲ့သို့ နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် တာဝန်သိနိုင်ငံ့ ဝန်ထမ်း များ၏ တာဝန် ထမ်းဆောင်မှုအပေါ် နည်းလမ်း အမျိုးမျိုးဖြင့် ခြိမ်းခြောက်မှု ပြုလုပ်နေသူများအား စစ်ဆေး ဖော်ထုတ် တွေ့ရှိပါက ဥပဒေနှင့်အညီ  ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များ

-        ဝ၆၇ ၄၁၂၁၆၈

-        ဝ၆၇ ၄၁၂၂၂၂

-        ဝ၆၇ ၄၁၂၂၄၆

-        ဝ၆၇ ၄၁၂၃၈၇

-        ဝ၆၇ ၄၁၂၃၈၈

-        ဝ၆၇ ၄၁၂၄၄၄

-        ဝ၆၇ ၄၁၂၅၉၈

-        ဝ၆၇ ၄၁၂ဝ၆၆

-        ဝ၆၇ ၄၁၂၅၃၉

-        ဝ၆၇ ၄၁၂၅၄ဝ