ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊ ၅၉/၂ဝ၂၁

၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက်

(၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝ သည့်   ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင်  ပြစ်ဒဏ်ကျအကျဉ်းသား၊ အကျဉ်းသူများမှလည်း  တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီး တွင် အကျဉ်းကျခံ နေကြရသော  အကျဉ်းသား/ သူ ၂၃၃၁၄ဦးတို့အား  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁၊ ပုဒ်မခွဲ(၁) အရ ''နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင်  ယခုကျခံရန်ကျန်ရှိသော   ပြစ်ဒဏ်များကိုပါ  ဆက်လက် ကျခံပါမည်''ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များ အပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်သည်။

(ပုံ)မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ