COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီ၏ အသိပေး ကြေညာချက်

နေပြည်တော် ဖေဖော်ဝါရီ ၁၁

မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)တွင် ဖွင့်လှစ်ထားရှိသော   COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး  ရန်ပုံ ငွေ (COVID-19   Vaccination   Fund) မြန်မာကျပ်ငွေစာရင်း  OA 013733 နှင့် နိုင်ငံခြားငွေစာရင်း EDC 600012 တို့သို့  ဖေဖော်ဝါရီ  ၄ရက်မှ ၁ဝရက်အထိ ပြည်တွင်း/ ပြည်ပ အလှူရှင်များမှ ထည့်ဝင် လှူဒါန်းလာသည့် ငွေစုစုပေါင်းမှာ ငွေကျပ် ၁၉၄ဒသမ ၂၉၈ သန်းနှင့် အမေရိကန် ဒေါ်လာ ၆၂၂၅ ဖြစ်သည်။ လှူဒါန်းသည့်  အလှူရှင်များစာရင်းကို   နေ့စဉ်ထုတ် သတင်းစာများတွင် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။