နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြည်သူသို့ အသိပေးချက်

နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်ရန်အတွက် နိုင်ငံ့တာဝန်များကို မပျက်မကွက်ဆက်လက် ထမ်းဆောင် လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်နိုင်အောင် နိုင်ငံတော်ကို ဆန့်ကျင်နှောင့်ယှက်မှု ပြုနေသူအချို့က နည်းအမျိုးမျိုးဖြင့် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်နေကြောင်းကို ကြားသိနေရပသည်။ ဖိအားပေး ခြိမ်းခြောက်သူများအနေဖြင့် ယင်းလုပ်ရပ်များသည် ဥပဒေနှင့်ဆန့်ကျင်သကဲ့သို့ မိမိ၏အခွင့်အရေးနှင့် လွတ်လပ် ခွင့်များကို ကျင့်သုံးခြင်းဆိုင်ရာ မူသဘောတရားများနှင့်လည်း ဆန့်ကျင်နေပါသည်။ ဝန်ထမ်းမဟုတ်သူ ပြည်သူ လူထု အချင်းချင်းကြားတွင်လည်း အလားတူပြုလုပ်မှုများရှိနေကြောင်းကိုလည်း ကြားသိရပါသည်။ မည်သူမဆို မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုကျင့်သုံးရာတွင် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့် များကို အသိအမှတ်ပြုရန်လိုအပ်ပါသည်။ ထို့အပြင် အများပြည်သူအေးချမ်း သာယာရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်း လိုက်နာ ကျင့်သုံးရန်လိုအပ်ပါသည်။          

သို့ပါ၍ ဖိအားပေးခြိမ်းခြောက်ခံရသူများ၏ အခွင့်အရေး ထိပါး နှောင့်ယှက်ခံရမှုများကို ဥပဒေကြောင်းအရ ကုစားပေး နိုင်ရေးနှင့် ထိပါးနှောင့်ယှက်သူများကို ဥပဒေအရ ထိရောက်စွာအရေးယူးနိုင်ရေးအတွက် အောက်ပါ ဖုန်းနံပါတ်များနှင့် e-mail လိပ်စာများသို့ ဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။