မိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာ အေးချမ်းသာယာမှု  ရှိစေရေး တို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက်ပေးသွားမည်ဖြစ်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးကို  ထိခိုက် ပျက်ပြားစေသည့် အပြင် ရုန်းရင်း ဆန်ခတ်မှုအချို့ဖြစ်ပွားလျက်ရှိပြီး ကောလာဟလများကြောင့် ညပိုင်း များတွင် မိဘပြည်သူများ ထိတ်လန့် စိုးရွံ့စွာဖြင့် နေထိုင်ရလျက်ရှိကြောင်းသိရှိရသည်။

ထိုသို့ထိတ်လန့်စိုးရွံ့စွာနေထိုင်နေရသော မိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်း သာယာစွာ နေထိုင် အိပ်စက် နိုင်စေရေး၊ ရပ်ရွာအေးချမ်း သာယာမှုရှိစေရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့တို့မှ  တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ ယနေ့ညပိုင်းမှစတင်၍ လုံခြုံရေးအား ပြည့်ဝစွာ ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုံခြုံရေးပြည့်ဝစွာ ဆောင်ရွက်ပေးမည့် အတွက် မိဘပြည်သူများကလည်း  ကျေးဇူး တင် ဝမ်းမြောက်လျက်ရှိကြောင်းနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက  နေ့ည မပြတ် လုံခြုံရေး တာဝန်များကို ထမ်းဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။