နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား Video Conferencing  ဖြင့် တွေ့ဆုံဆွေးန

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၅
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့မွန်းလွဲ ပိုင်းတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener  အား Video Conferencing  ဖြင့်တွေ့ဆုံ ဆွေးနွေးသည်။
    
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ယခုလ ၅ ရက်နေ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံသူနိုင်ငံသားများ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ နိုင်ငံတွင်ဖြစ် ပေါ်နေသော ဖြစ်စဉ်မှန်အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိနိုင်ရေး ဆောင်ရွက်ထားသည့် အခြေအနေများ၊  Covid-19  ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများနှင့် နိုင်ငံစီးပွားရေး တည်ငြိမ်စွာပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။