နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာ ရှင်းလင်း ပွဲပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လက်ရှိ နိုင်ငံ ရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ နှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲမစတင်မီ တက် ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန် ရှိသူများက  လိုအပ်သည့်ကျန်းမာရေး ဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ် အကွာအဝေးအတိုင်း   နေရာချထားပေးသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်း ထွန်း က ရှင်းလင်း ပြောကြားရာတွင် တပ်မတော်အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအပေါ်စိစစ် တွေ့ရှိ ချက်များ ထုတ်ပြန်၍ တာဝန်ရှိသူ အဆင့်ဆင့်ဖြေရှင်းပေးနိုင်ရေး လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ ဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေ အနေကြေညာကာ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာ အရပ်ရပ်ကို တပ်မတော်က လွှဲပြောင်းတာဝန်ယူ ထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ ထိုသို့ တာဝန်ယူ ထမ်းဆောင်ခဲ့ရခြင်းသည် စစ်မှန်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ရေးတွင် လမ်းကြောင်း လွဲမှားမှုမရှိစေရေး ထိန်းသိမ်းပေးခြင်းသာ ဖြစ်သည့်အခြေအနေများ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး  ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က  နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကို ပြည်သူလူထုသို့ ရှင်းလင်းတင်ပြခဲ့မှု အခြေ အနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချ မှတ်ပြီး ရည်မှန်းချက်ထားဆောင် ရွက်သွားမည့်အခြေအနေများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ဘဏ်များ အသင်းနာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီ၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေး ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံ၍ နိုင်ငံတော်၏အခြေ အနေအရပ်ရပ်အား အဘက်ဘက်မှပြန်လည် တိုးတက် ကောင်းမွန်စေရေး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်နှင့်  ပြစ်ဒဏ်  လွတ်ငြိမ်းခွင့် အမိန့်များ ထုတ်ပြန်၍ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပြု ပေးခဲ့သည့်အခြေ အနေများ၊ COVID-19 ရောဂါ ကာကွယ် ဆေးရောက် ရှိမှုနှင့် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် ဆေးဝါး တင်သွင်းခွင့်များကိုလည်း သတ်မှတ်ချက် များနှင့်အညီ ခွင့်ပြုပေးထားသည့်အခြေ အနေများ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်သည့်တိုင်း ရင်းသားပြည်သူများအား တပ်မတော်ဆေးရုံ များတွင် ဆေးဝါးကုသ ပေးထားမှုအခြေ  အနေများ၊ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ဖူးမြော်ခွင့်ယာယီ ရပ်ဆိုင်း ထားသည့် နိုင်ငံတစ်ဝှန်းမှ ဘုရား၊  စေတီပုထိုးများအား ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော် ကြည်ညို နိုင်ရေး  တပ်မတော်သားများက ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည့်အခြေအနေများနှင့် မိဘပြည်သူများ အနေဖြင့် မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာ တရားအလိုက် ဘုရား ဝတ်ပြုခြင်း၊  ကောင်းမှု ကုသိုလ်ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ရန် အတွက် ဖေဖော်ဝါရီ ၈ ရက်မှစ၍ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည် ဖူးမြော်ခွင့်ပြုပေးခဲ့သည့် အခြေအနေများ၊ COVID-19 ရောဂါဖြစ် ပေါ်နေသည့် ကာလ အတွင်းသွားလာမှုကန့်သတ်ချက်များကြောင့်  ဒေသခံပြည်သူလူထု၏ စားရေးအခက်အခဲ ဖြစ်ပေါ်မှုမရှိစေရန် တပ်မတော်မှ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်းလျက် ရှိသည့် အခြေ အနေများ။

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌   ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်း ရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့်  ရပ်ရွာအေးချမ်းသာ ယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာနိုင်သဖြင့်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ကို ထုတ်ပြန်၍ လူငါးဦး သို့မဟုတ် ငါးဦးထက် ပို၍ လူစုဝေးမပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထား ရှိသော်လည်း နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ မြစ်ကြီးနားမြို့နှင့် ပုသိမ်မြို့တို့တွင် ဆူပူဆန္ဒပြ သူများက ဆူပူမှုမဖြစ်ပေါ်စေရန် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင် များနှင့် ပရဟိတ လူမှုရေးအသင်းများမှ မော်တော်ယာဉ်များ၊ ယာဉ်မောင်းများကို အကြမ်းဖက် တိုက်ခိုက် မှုများပြုလုပ်လာခဲ့သည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ရပ်ရွာ အေးချမ်းသာ ယာမှု ရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့၊ ညမပြတ်လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန် ချက်များ  ထုတ်ပြန်ခဲ့သည့်အခြေအနေများ၊ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံ့တာဝန်ထမ်းဆောင် ရန် ပျက်ကွက် နေကြသည့် နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးကြေညာချက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်  အခြေအနေ များကို Powerpoint Presentation များ၊ Video Clip  များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်း ပွဲကိုရုပ်သိမ်းခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိ သူများ၊  ဖိတ်ကြားထားသူများနှင့်ပြည်တွင်း သတင်းဌာန များ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ပြည်တွင်း အခြေစိုက်ပြည်ပ သတင်း ဌာနများမှ သတင်းထောက်များ လာရောက် သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။