တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ ဆက်လက်လက်ခံကုသ

နေပြည်တော်   ဖေဖော်ဝါရီ   ၁၆

တိုင်းဒေသကြီးနှင့်   ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာ အခက်အခဲများကို တစ်ထောင့် တစ် နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ် အသီးသီးရှိ    တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေး ဆေးရုံများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး လျက်ရှိပြီး ပြင်ပမှ ဆရာဝန်များ သည်လည်း ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသ ရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရှိရသည်။

ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာ တိုင်း စစ်ဌာနချုပ်နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့ အထိ ပြင်ပလူနာ ၁၁၈၁၅ ဦး၊ အတွင်း လူနာ ၂၄၅၆ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မ တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု များဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်လူနာများ အား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် လူနာများကို ဆေးရုံ တင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း နှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့် များ နေထိုင်စားသောက်ရေးအဆင်ပြေစေ ရန်အတွက်  စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ လာရောက်ကုသမှု ခံယူလျက်ရှိ သည့် လူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၅၁၁ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၂၄၂ဦး၊ စုစုပေါင်း ၇၅၃ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေး မီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာ များကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး  ၎င်းတို့အနက် ၃ဝ၄ ဦးကို  ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၄၉၃ ဦးကို  သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၇၉၇ ဦးကို   မွေးဖွားနိုင်ခဲ့သည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ  အခက်အခဲများဖြစ်ပေါ် လာပါက  နီးစပ်ရာ တပ်မတော် ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများ မှလည်း လွှဲပြောင်း ကုသမှုခံယူနိုင်ကြောင်း သိရှိရသည်။

ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက် လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများအတွက် စားသောက်ဖွယ် ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။