အရပ်သားဆရာဝန်များနှင့် သူနာပြုများမရှိ၍ ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် သာစည်မြို့နယ် ဟံဇားတိုက်နယ် ဆေးရုံသို့ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများကသွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဟံဇားတိုက်နယ်ဆေးရုံ၌   ဆရာဝန်များနှင့် သူနာပြုများက   ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး   ဒေသခံပြည်သူများ အနေဖြင့်  ဆေးကုသမှုခံယူရန် အခက်အခဲများဖြစ် ပေါ်လျက် ရှိသဖြင့်   ဆေးရုံတွင် အလုပ်ဆင်းပြီး တာဝန် ကျေပွန်စွာထမ်း ဆောင်နေသည့် ဝန်ထမ်းများနှင့်  လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့်သူနာပြုများ လာရောက် ကုသပေးနိုင် ပါရန် အကူအညီ တောင်းခံလာ ခဲ့သည်။

အဆိုပါ  အကူအညီ တောင်းခံလာမှုကြောင့်  မိတ္ထီလာမြို့  တပ်မတော် ဆေးရုံမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန် များနှင့် သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့ အား ချက်ချင်းစေလွှတ်၍ ရောဂါဝေဒနာ ခံစား နေရသည့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ    ဆောင်ရွက်ပေးနိုင်ရန် သွားရောက်ခဲ့ရာ   ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များအား ခွဲစိတ်ပေးခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးခဲ့ရာ  ယနေ့တွင် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၂ဝ ဦး၊ စုစုပေါင်း ၃၅ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။