ဗဟိုဘဏ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး Website များ တိုက်ခိုက် ခံရမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၇

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့်  တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ သာမန် သတင်း ထုတ်ပြန်ရေး Website များအား  ယနေ့နေ့လယ်ပိုင်းတွင်  အဖျက်အမှောင့် လုပ်ဆောင် လိုသည့် မသမာသူများက ခေတ္တရပ်တန့် သွားအောင် နှောင့်ယှက်ခဲ့သည်။

၎င်းငျး Website များအနက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေး  Website တို့အား တပ်မတော်မှ ကွန်ပျူတာပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် နာရီပိုင်းအတွင်း ပြန်လည် လုပ်ငန်း လည်ပတ်ခဲ့သည်။ဗဟိုဘဏ် Websiteကို မူလ ဆောင်ရွက်ပေးသည့် ကုမ္ပဏီအား ခေါ်ယူ၍ လည်ပတ် စေရန် ဆောင်ရွက်လျက်ရှိသည်။ မူလ အခြေအနေသို့ မကြာမီပြန်လည် ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ  Website များသည် သာမန်နေ့စဉ် သတင်းထုတ်ပြန်နေသော Website များဖြစ်ပြီး လုပ်ငန်းစနစ်များ ဆောင်ရွက်နေသော Website များ မဟုတ်ကြောင်း အများပြည်သူများ သိရှိရန် သတင်းထုတ်ပြန် အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့