အကြိမ်(၂ဝ)မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ  (UPDJC) အစည်းအဝေးကျင်းပ

နေပြည်တော်  သြဂုတ်  ၂ဝ

အကြိမ်(၂ဝ)မြောက်   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ကို ယနေ့ နံနက် ၁ဝနာရီတွင်  နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁  (MICC-I) ပတ္တမြား ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်   တက်ရောက်မိန့်ခွန်းပြောကြားသည်။

အစည်းအဝေးသို့   အစိုးရ၊  လွှတ်တော်၊  တပ်မတော် အစုအဖွဲ့မှ   ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီဒုတိယ ဥက္ကဋ္ဌများဖြစ် ကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့်  ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦး၊   ပြည်ထောင်စု ဝန်ကြီး  ဦးမင်းသူ၊ UPDJC အဖွဲ့ဝင်များဖြစ်ကြသည့်  ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊  ဦးသိန်းဆွေ၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊    ငြိမ်းချမ်းရေး ကော်မရှင်   အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊  ဗိုလ်ချုပ်စန်းမြင့်၊  ဗိုလ်ချုပ် စိုးနိုင်ဦးနှင့်  ဗိုလ်မှူး ချုပ် ရဲရင့်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်မောင်သောင်းနှင့် ဦးပြုံးချို (ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း (CNF) ၊ စဝ်စိုင်းငင်း (RCSS) ၊ ဦးမျိုးဝင်း (ABSDF) ၊ စောမြရာဇာ လင်း (ALP) ၊ ပဒို စောတာဒိုမူး (KNU) ၊ ခွန်မြင့်ထွန်း (PNLO)၊ စောစိန်ဝင်း (DKBA) ၊ စောကျော်ညွန့် (KNU /  KNLA 

PC) ၊  နိုင်အောင် မင်း (NMSP) ၊ ကြာဆော် လမွန် (LDU) ၊   မိဆူးပွင့် (ABSDF) ၊  ဆလိုင်းထလာဟေး (CNF) ၊ ဒေါက်တာ စိုင်းဦး (RCSS) ၊ စောစမစ်ဒွန်း (DKBA) ၊  ခိုင်လင်းခိုင် (ALP) နှင့်    ပဒိုစောအယ် ကလူစေး (KNU) ၊   နိုင်ငံရေး ပါတီများ အစုအဖွဲ့မှ   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးသုဝေ (ဒီမိုကရက်တစ်ပါတီ (မြန်မာ))၊  ဦးနိုင်ငံလင်း(NLD)၊ ဦးမြင့်စိုး (USDP) ၊ စိုင်းကျော်ညွန့် (SNLD) ၊ တာလှဖေ (တအာင်း(ပလောင်))၊ ဦးသိန်းထွန်း (NUP) ၊ ဦးအောင် ကြည်ညွန့် (NLD) ၊ ဒေါက်တာအောင်မြတ်ဦး  (USDP)၊ ဦးဦးလှစော (ANP) ၊ ခွန်ထွန်းရွှေ (PNO) ၊ ဦးဇမ်ဇမုန်(ဇိုမီးဒီမိုကရေစီပါတီ)၊  ဦးရွှေမင်း (လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ))၊ ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ်ပြည်သူ့ပါတီ)၊ နိုင်တလညီ (မွန်ညီညွတ်ရေးပါတီ)၊ ဒေါ်ရင်ရင်မေ (ကိုးကန့် ဒီမိုကရေ စီနှင့် ညီညွတ်ရေးပါတီ)နှင့်  စောထွန်းအောင်မြင့် (ကရင် ပြည်သူ့ ပါတီ)နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင်   ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ(့ဏီဲဃ)ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားရာတွင် ပထမဦးဆုံးပြောကြား လိုသည့်အချက်မှာ   မိမိတို့၏့ဏီဲဃ  တွင်  အကျေအလည်ဆွေးနွေးညှိနှိုင်းပြီး  (၂၁)ရာစုပင်လုံညီလာခံ   ဒုတိယအစည်း အဝေးတွင် ချုပ်ဆိုခဲ့သည့်  ပြည်ထောင်စု သဘောတူစာချုပ်၊  အစိတ်အပိုင်း(၁)နှင့် (၂၁)ရာစုပင်လုံ တတိယ အစည်း အဝေးတွင်  ချုပ်ဆိုခဲ့သည့်  ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၂)တွင်  ပါရှိပြီးဖြစ်သည့် အခြေခံမူ တွေ ကိစ္စဖြစ်ပါကြောင်း။

ဒီညီလာခံ (၂)ကြိမ်တွင် ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းများထဲက အခြေခံမူ (၅၁)ချက်  မိမိတို့ ရရှိထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒီအခြေခံမူတွေ ကို ဘာလုပ်မှာလဲ၊ အသုံးမပြုတော့ဘူးလား ဆိုသည့် မေးခွန်းများလည်း ရှိနေပါကြောင်း၊ ဒီအတွက်လည်း စိတ်မပူကြရန်ပြောကြား လိုပါကြောင်း၊   ဒီညီလာ ခံမှာ ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ အပိုင်း(၂)ဖြစ်သည့်  ၂ဝ၂ဝ အလွန်အဆင့်လိုက် လုပ်ငန်းစဉ် များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများတွင်   မိမိတို့ အနေနှင့် ခေါင်းစဉ်ကြီး (၈)ခုပဲ သဘောတူညီမှုရရှိ ထားတာ ဖြစ်ပါကြောင်း၊ ဒီခေါင်းစဉ်ကြီး(၈)ခု လုံးဟာ မိမိတို့ UPDJC က ရေးဆွဲချမှတ်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် တွင်ပါရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊  လုံခြုံရေး၊ မြေယာသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်  စသည့်ကဏ္ဍကြီး(၅)ခုနှင့် အကျုံးဝင်ပါကြောင်း၊ အဆင့်လိုက် ဆွေးနွေးမှုများ  ဆက်လက် ဆောင်ရွက်ကြသည့်အခါ  မူလရရှိပြီးသား   အခြေခံမူ(၅၁)ချက်သည် သဘောတူညီပြီး အခြေခံမူများအဖြစ် သက် ဆိုင်သည့်  ခေါင်းစဉ်ကြီးများ အောက်ကို  ရောက်ရှိလာကြမည်ဖြစ်ပါကြောင်း။

မိမိတို့အားလုံး အကျေအလည်ဆွေးနွေး ညှိနှိုင်းပြီး သဘောတူညီချက်ရရှိထားသည့် အခြေခံမူ(၅၁)ချက်ကို   သက်ဆိုင် သည့် ခေါင်းစဉ်များ အောက်တွင် ထည့်သွင်းပြီး အဆင့်လိုက် အကောင်အထည်ဖော်မှုများကို အကောင်အထည် ဖော်ဆောင်သွားရန် ဖြစ်ကြောင်း၊ ပြောရရင် ခေါင်းစဉ်ခွဲများ ဆက်လက်ဆွေးနွေးပြီး  အဆင့် လိုက် ဖော်ဆောင်မည့် ဇယား(၂)ရရှိလာလျှင် မူလပြည် ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း (၁)နှင့် အစိတ် အပိုင်း(၂)၏ အခြေခံမူများ အကောင်အထည်ဖော်သည့် အခြေအနေကို  ဆက်လက်ဆောင်ရွက် သွားကြ ရမည်ဖြစ် ကြောင်း ပြောကြားလိုပါကြောင်း။

ဒုတိယအချက်အနေနှင့်  ပြောကြားလိုသည်မှာ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်ရေးကိစ္စဖြစ်ပါ ကြောင်း၊ UPDJC ဟာ နိုင်ငံရေး ဆွေးနွေးပွဲများကို ဦးဆောင် လမ်းညွှန်ကြီးကြပ်ရန်တာဝန်ရှိသည့်အပြင်  နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ရေးဆွဲ ရန်နှင့် ပိုမိုကောင်းမွန်အောင်ပြင်ဆင်ဖြည့် စွက်ရန် အဓိက တာဝန် ရှိပါကြောင်း၊ ပြန်ပြီး သုံးသပ်ကြည့်လိုက်လျှင် မိမိတို့ UPDJC က ရေးဆွဲပြီး (၁ဝ)ကြိမ်ကျော် ပြင်ဆင်ထားပြီး ဖြစ်သည့် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ဟာ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး ဘယ်သူတွေပါ ဝင်ရမယ်၊ ဘယ်လိုဆွေးနွေး ပွဲတွေလုပ်ရမယ်၊ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးကြရမည် ဆိုသည့် အချက်များ အများစု ပါဝင်နေသည်ကို တွေ့ရှိနိုင်ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ  မူဘောင်ကို အခြေခံပြီး လုပ်ငန်းလမ်းညွှန် (TOR) (၈)ခု နှင့်လုပ်ထုံးလုပ်နည်း (SOP) (၁)ခု ရေးဆွဲ ထားတာရှိပါကြောင်း။

မိမိတို့၏  လုပ်ငန်းလမ်းညွှန် (TOR) များနှင့် လုပ်ထုံးလုပ်နည်း (SOP) တွေဟာ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို အခြေခံပြီး ရေးဆွဲထားတာဖြစ်သည့်အတွက် အစည်းအဝေးနှင့် ဆွေးနွေးပွဲ ကျင်းပရေးနှင့် သက်ဆိုင် တာတွေက ပိုမိုများပြား နေပါကြောင်း၊ ဒါဟာ လည်း ပြည်ထောင်စု သဘောတူစာချုပ်တွင် အခြေခံမူတွေရ ယူနိုင်ရေးကို ဦးတည်ခဲ့သည့် အတွက်   ဒီလိုပုံစံမျိုး ဖြစ်နေကြတာဖြစ်ကြောင်း၊ ရှေ့ဆက်မည့့် UPDJC ၏လုပ်ငန်းစဉ်များကို မျှော်ကြည့် လိုက်လျှင် ယခု ညီလာခံမှာ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုမည့် ၂ဝ၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ၊ အဆင့်လိုက် အကောင်အထည်ဖော်မှု များနှင့် လိုက်လျောညီထွေဖြစ်မည့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို  ဦးစားပေး ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ အဆင့်လိုက် ဆွေးနွေးမှုများ  ဆက်လက် ဆောင်ရွက်ရ မည်ဖြစ်ပြီး UPDJC  ကရရှိလာသည့်  နိုင်ငံရေး သဘောတူညီချက်တွေကို ဘယ်လို အကောင် အထည် ဖော်မလဲဆိုသည်ကို မိမိတို့၏ လုပ်ငန်းကော်မတီများတွင် ဆက်လက် ညှိနှိုင်းဆွေး နွေးကြရမည် ဖြစ်ပါကြောင်း၊  ဒါ့ကြောင့် လက်တွေ့ကျပြီး အလုပ်ဖြစ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တစ်ခု ရရှိ လာအောင် မိမိတို့ UPDJC  အနေနှင့် ဆွေးနွေးညှိနှိုင်းမှုများ အများကြီးလုပ်ဆောင်ကြရဦးမည်ဖြစ်ပါကြောင်း။

တတိယအချက်အနေနှင့်  ပြောကြားလို သည်က့ UPDJC ၏  အနာဂတ် ခရီးဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်   ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရှိခဲ့ပါကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်   ပထမဦးဆုံး ပေါ်ပေါက်လာသည့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတာက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံနှင့် နောက်ဆက်တွဲ    နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ပဲ ဖြစ်ပါကြောင်း၊ ဒီနိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို အဓိကတာဝန် ယူဆောင် ရွက် ရတာက   မိမိတို့၏ UPDJC ပဲဖြစ်ပါကြောင်း၊ UPDJCကို အစိုးရ၊ လွှတ်တော်၊ တပ်မတော် ပါဝင်သည့် အစိုးရ အစုအဖွဲ့၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့်  နိုင်ငံရေး ပါတီများ အစုအဖွဲ့ များနှင့်  အချိုးညီ ဖွဲ့စည်း ထားခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ  UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်း လျန်မှုန်း ဆာခေါင်းက ယခုကျင်းပသည့် အကြိမ်(၂ဝ)မြောက် UPDJC အစည်းအဝေး၏ အဓိကဦးတည်ချက်သည် (၁၉)ကြိမ်မြောက် UPDJC အစည်းအဝေးဆုံးဖြတ်ချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးတွင်  ပြည်ထောင်စုသဘောတူ စာချုပ်ချုပ်ဆိုနိုင်ရန် မိမိတို့ UPDJC အတွင်း ရေးမှူး အဖွဲ့ က တင်ပြလိုက်သည့် အချက်များကို အတည်ပြုရန် ဖြစ်ကြောင်း၊ ယင်းသဘောတူ စာချုပ်တွင် အပိုင်း(၃)ပိုင်း ပါဝင်ပါကြောင်း၊ အပိုင်း (၁) တွင် NCA  အကောင်အထည်ဖော်မှု ဆိုင်ရာသဘောတူညီချက် ၁၅ ချက်၊ အပိုင်း  (၂)တွင် ၂ဝ၂ဝ အလွန် အဆင့်လိုက်လုပ်ငန်း စဉ်များနှင့် အဆင့်အလိုက် အကောင်အထည်ဖော် မှုများတွင် အချက် ၈ချက် ပါဝင်ပြီး  အပိုင်း(၃)တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ သဘောတူညီချက် ၅ ချက် ပါဝင်ပါကြောင်း၊ ယင်းအချက်များကို   မိမိတို့  ယခု အစည်းအဝေးတွင် အတည်ပြုပြီး သြဂုတ် ၂၁ ရက် တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၌ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုနိုင်ရန် အတွက် ဝိုင်းဝန်းဆွေးနွေး အတည်ပြု ပေးကြရန် မေတ္တာရပ်ခံ ပါကြောင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေက  ပြည်ထောင်စု မြန်မာနိုင်ငံသည် နိုင်ငံသား အားလုံး ပိုင်ဆိုင်သည့်အတွက် ပြည်ထောင်စုကြီး၏ အသီးအပွင့် များကို အားလုံး မျှမျှတတ ဆွတ်ယူ စားသုံးနိုင်ခွင့်ရှိပြီး   ပြည်ထောင်စုကြီး၏ အန္တရာယ် ကိုလည်း အားလုံး ဝိုင်းဝန်း  ကာကွယ် ရန် တာဝန်ရှိကြောင်း၊ လူ့အခွင့် အရေးမရှိပါက လူဖြစ်ကျိုး မနပ်ပါကြောင်း၊ သို့သော်လည်း   မိမိအခွင့် အရေးရယူချင် သကဲ့သို့   တခြားသူများ၏   အခွင့်အရေးအတွက်လည်း လေးစားရ မည်ဖြစ်ပါကြောင်း၊ အခွင့် အရေးနှင့် တာဝန်သည် ခွဲခြား၍ မရကြောင်း၊  မိမိ၏ အခွင့်အရေးကို ရယူသည့်အခါ  အခြား သူများ၏ အခွင့်အရေး ကို မထိပါးအောင် ဥပဒေများ ပြဋ္ဌာန်း ပေးထားပါကြောင်း၊ ပြည်သူ တစ်ရပ်လုံး တောင့်တ နေကြသည့်   ပြည်ထောင်စု ငြိမ်းချမ်းရေး ရရှိအောင် အားလုံး ညီညီညွတ်ညွတ်နှင့် ကြိုးပမ်းကြသည့် အတွက် ငြိမ်းချမ်း ရေး အဆင့်တစ်ခုအထိ ပြီးမြောက်အောင်မြင် ခဲ့သည့်အပေါ်  ဝမ်းမြောက်ဝမ်းသာ ဖြစ်ရ ကြောင်း ပြောကြားသည်။

ထို့နောက်   အစည်းအဝေးသို့  တက်ရောက် လာကြသူများက   အစည်းအဝေး အစီအစဉ်များ အတည်ပြုခြင်း၊  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး၌ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)တွင်  ထည့်သွင်းချုပ် ဆိုမည့် ဃြဗ အကောင်အထည်ဖော်မှုဆိုင်ရာ   မူဘောင် သဘော တူညီ ချက်၊ ၂ဝ၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ(ဇယား-၁)၊  ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ သဘော တူညီချက်များကို အတည်ပြုခြင်း၊   ညီလာခံ ကိစ္စရပ်များဖြစ်သည့်  ညီလာခံ တတိယနေ့အစီအစဉ်၊ ညီလာခံတွင် လုပ်ငန်းတာဝန်ခွဲဝေမှုနှင့် သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ်များနှင့် အသိသက်သေများကိစ္စနှင့် အထွေထွေ ဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ကြသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးသုဝေက နိဂုံးချုပ် အမှာ စကားပြော ကြားသည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန် မှုန်း ဆာခေါင်း က ယနေ့အစည်းအဝေးတွင် သြဂုတ် ၂၁ရက်၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံစတုတ္ထအကြိမ် အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို  သဘောတူနိုင်သည့်အတွက် အထူးဂုဏ်ယူ မိပါကြောင်း၊ UPDJC  သည်  နိုင်ငံရေး ဆွေးနွေး ပွဲ အဆင့်ဆင့်ကို ဦးဆောင်လမ်းပြ ကြီးကြပ်ရန်အတွက် တာဝန်ပေးထားသည့် အဖွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့် ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့်    ပြည်ထောင်စု စနစ်တည် ဆောက်ရေးအတွက်ဖြစ်ကြောင်း။

၂ဝ၂ဝ ဇန်နဝါရီ ၈ ရက်တွင်ကျင်းပသည့် JICM အစည်းအဝေး ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရန်    အလုပ်အဖွဲ့ ဖွဲ့ထားပါကြောင်း၊ မိမိတို့ တိုင်းပြည်အတွက် မျှော်လင့်ချက်များကို ယင်းအလုပ်အဖွဲ့များက ဆွေးနွေး နိုင်ခဲ့ကြပါကြောင်း၊ မိမိတို့ လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စု ထူထောင်နိုင် ရန်အတွက် အလုပ်အဖွဲ့များနှင့် ဆက်လက် ညှိနှိုင်းမည်ဆိုပါက လိုလားသည့်ငြိမ်းချမ်း ရေးကိုရ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊  နောက်တစ်ဆင့်လုပ်ဆောင်ရန် လိုအပ်သည်မှာ UPDJC အဖွဲ့ဝင်များ  ယခုကဲ့သို့  ဆက်စပ် ညှိနှိုင်းနေခြင်းမျိုး မဟုတ်ဘဲ  ခေါင်းဆောင်များ အချင်းချင်း အလွတ်သဘော ဆွေးနွေးပြီး ရင်းနှီးမှုများ ဖန်တီးသည့်  ပုံသဏ္ဌာန်မျိုး လုပ်နိုင်မည်ဆိုပါက ပိုမို ကောင်းမွန်နိုင်မည်ဟု   ထင်မြင်ပါကြောင်း။

UPDJC ဆက်လက်ခိုင်မာရန် UPDJC အတွင်းရေးမှူးအဖွဲ့၊ အလုပ်အဖွဲ့များနှင့် ကဏ္ဍအလိုက် ကော်မတီများ ဆက် လက် အလုပ်လုပ်နိုင်ရန်အတွက် ဆက်လက် ကြိုးစားကြရ မည်ဖြစ်ပါကြောင်း၊ မကြာမီ ကာလတွင် ရွေးကောက်ပွဲ ကျင်း ပမည်ဖြစ် ပါကြောင်း၊ ယင်းရွေးကောက်ပွဲမှတက်လာ သည့် အစိုးရကယခုငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက် ဆောင်ရွက်နိုင်မည်ဟု  အပြည့်အဝယုံကြည်ပါကြောင်း၊  ယခုညီလာခံက ဆုံးဖြတ်မည့် ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃)တွင်  ၂ဝ၂ဝအလွန်၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရမည်ဆိုသည့် ကဏ္ဍပါဝင်ပါကြောင်း၊ ထို့ကြောင့် ယခုကဏ္ဍကို ဆက်လက် အကောင် အထည် ဖော်နိုင်ရန်   ဝိုင်းဝန်း ကြိုးစားသင့် ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက သြဂုတ်၂၁ ရက်တွင်ကျင်းပမည့်ညီလာခံ၌ တင်သွင်းပြီး လက်မှတ်ရေးထိုး စာချုပ်ချုပ် ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် အတိုင်း၂ဝ၂ဝ ပြည့်နှစ်အလွန် ကာလအတွက် လမ်းသစ် ဖောက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများသည်  အမှန်တကယ် ထိရောက်မှုရှိပြီး အလုပ်ဖြစ်ခဲ့ပါကြောင်း၊ ယခင်က မစဉ်းစားခဲ့ဘူး သည့် အကြောင်း အရာများကို  ယနေ့မိမိတို့ ဆွေးနွေးနေကြ ပြီဖြစ်ပါကြောင်း၊ သဘောတူ ညီချက်များ ရရှိအောင်  ဆွေးနွေးနိုင်သည့် အဆင့်ကို ရောက်ရှိလာသည့်အပြင် လက်တွေ့အကောင် အထည်ဖော်မည့် လုပ်ငန်းစဉ်များ ချမှတ်နိုင် သည်အထိ သဘော တူညီ ချက်များရရှိခဲ့ပြီး ဖြစ်ပါကြောင်း။

 ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲ ရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊တန်းတူညီမျှမှုနှင့် တရား မျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို အခြေခံသည့် ပြည်ထောင်စု ကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်'' ဆိုသည်မှာမိမိတို့ UPDJC ၏ရည်မှန်း ချက် တာဝန်ဖြစ်ပါကြောင်း၊ ယင်းရည်မှန်း ချက်ပြည့်ဝရန် သမိုင်းနှင့်ချီပြီး တည်ရှိခဲ့သည့် နိုင်ငံရေး ပြဿနာ များကို ဖြေရှင်းကြ ရမည်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် သမိုင်းနှင့်ချီပြီး တည်ရှိနေသည့်  သံသယများ၊ မယုံကြည် နိုင်မှု များကို ဖယ်ရှားပေးရန် မိမိတို့အနေဖြင့် ယုံကြည်မှုတည်ဆောက်ရေးကို အလေးအနက် ထားပြီး ဆောင်ရွက် သွားကြ ရမည်ဖြစ်ပါကြောင်း။

၂ဝ၂ဝ အလွန်နိုင်ငံရေး ဆွေးနွေးပွဲများ အရှိန်အဟုန်မြှင့်တင်ရေးသည် အလွန် အရေးကြီးပါကြောင်း၊  ထို့ကြောင့် မိမိတို့ UPDJC ၏ ရည်မှန်းချက်နှင့် တာဝန်သည် အထူးအရေးကြီးသည်ဟု ဆိုနိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ဖြစ်ပွားနေသည့်  လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရေးသည်လည်း UPDJC ၏ကြိုးပမ်းအားထုတ်မှုများပေါ် တွင် တည်မှီနေပါကြောင်း၊ ၂ဝ၂ဝ အလွန် ကာလတွင်လည်း UPDJC သည်ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး နိုင်ငံရေးပြဿနာများကို အဖြေထုတ် ပေးနိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းနေဦးမည်ဖြစ်ပါကြောင်း၊ UPDJC တွင် ပါဝင်သည့် အစုအဖွဲ့ကိုယ်စားလှယ် တချို့ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါကြောင်း၊ အဖွဲ့ဝင်များ မည်သို့ ပြောင်းလဲ သည်ဖြစ်စေ ယနေ့မိမိတို့တည်ဆောက်ထား သည့့် UPDJC စိတ်ဓာတ်သည် မပြောင်းလဲဘဲ  ဆက်လက် တည်ရှိနေဦးမည်ဖြစ်ပါကြောင်း၊  ယင်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်မည် ဆိုပါက အောင်မြင်မှု အသေ အချာရရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့သည်မတူညီသည့် အဖွဲ့အစည်းများ၊ အစုအဖွဲ့ များကို ကိုယ်စားပြုပြီး UPDJC တွင်   လာရောက်တွေ့ဆုံ အတူတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက် ခဲ့ပါကြောင်း၊ အမြင် မတူသည်များ ရှိသကဲ့သို့ ငြင်းခုန်ရခြင်းများလည်း ရှိခဲ့ပါကြောင်း၊ သို့သော်  မိမိတို့ အပြုံးမပျက်၊ နှုတ်ဆက် မပျက်ဘဲ အစည်းအဝေး တစ်ကြိမ် ရောက်ရှိ လာတိုင်း တက်တက်ကြွကြွဖြင့် အဆင်သင့်ရှိ နေခဲ့ကြသည်ကို အစဉ်အမြဲ တွေ့ရှိခဲ့ ရပါ ကြောင်း ပြောကြားသည်။