ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ် ၂ဝ ဦးထပ်တိုး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် ၂ဝ ဦးရှိကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်များတွင် (၂ဝ-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၈၁၁ ခုအား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁ဝ ဦးတွေ့ရှိသည်။ (၂ဝ-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၁ဝ၉၆ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၆ဝ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL,Mandalay)မှ ဓာတ်ခွဲနမူနာ ၁၇၉ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL,Mawlamyine)မှ ဓာတ်ခွဲနမူနာ ၁၇၆ ခု စုစုပေါင်း ၁၆၁၁ ခုအားစစ်ဆေးခဲ့သည်။

(၂၁-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲ မှု ဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၃၇၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၂၅၆ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၁၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မော်လမြိုင်) (PHL, Mawlamyine)မှ ဓာတ်ခွဲနမူနာ ၁၈၄ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (စစ်တွေ) (PHL, Sittwe)မှ ဓာတ်ခွဲနမူနာ ၃၆ ခု စုစုပေါင်း ၉၆၄ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁ဝ ဦးတွေ့ရှိရသည်။

(၂၁-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၄၁၉ ဦးရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှု တွင် နှစ်ကြိမ်ဆက်တိုက်ပိုး မတွေ့ရှိသူလေးဦး (Case-241, 260, 288 နှင့် 310) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း ၃၃၇ ဦးရှိသည်။ ၎င်းတို့အနက် ၃၃၁ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှု လျက်ရှိသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။ (၂ဝ-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီမှ (၂၁-၈-၂ဝ၂ဝ) ရက် မွန်းတည့် ၁၂ နာရီအတွင်းတွေ့ရှိရသော စောင့်ကြည့်လူနာအသစ် ၄၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။