သတင်းဌာန ၅ ခုအား ထုတ်ဝေခြင်းလုပ်ငန်းများ ပိတ်သိမ်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်

သတင်းဌာန ၅ ခုအား ထုတ်ဝေခြင်းလုပ်ငန်းများ ပိတ်သိမ်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်

နေပြည်တော်၊ မတ် - ၉

ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ်(၁/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်တွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့်အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြ ခြင်း သို့မဟုတ် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကျူးလွန်နေသူများကို အားပေးကူညီရာ ရောက်သည့်အကြောင်းအရာများကို ရေးသားထုတ်လွှင့်ဖော်ပြခြင်းကို ပြုလုပ်လျက်ရှိသည့် သတင်းဌာနများအား ထုတ်ဝေခွင့်ပိတ်သိမ်းရန် အခွင့်အာဏာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ နှင့် ပုဒ်မ ၄၂၀ တို့အရ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနအား အပ်နှံခဲ့ကြောင်း၊ သို့ပါ၍ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံ တော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေ သည့် အကြောင်းအရာများ၊ ပြစ်မှုကျူးလွန်သူများကို အားပေးကူညီရာရောက်သည့်အကြောင်း အရာများကို ရေးသားထုတ်လွှင့်ဖော်ပြနေကြသည့် ယခင်က ထုတ်ဝေခွင့်ပြုပေးခဲ့သော မဇ္ဈိမ၊ DVB၊ ခေတ်သစ်မီဒီယာ၊ Myanmar Now နှင့် 7 DAY သတင်းဌာနတို့၏ ထုတ်ဝေခြင်း လုပ်ငန်းအသီးသီးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ကြောင်း၊ ယင်း သတင်းဌာနများသည် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ် ကို အသုံးပြု၍ဖြစ်စေ ရေသားထုတ်လွှင့်ခြင်းမပြုကြရန် ဖော်ပြပါရှိပါသည်။