မရမ်းကုန်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ညအချိန် တာဝန်ဝတ္တရားဆောင်ရွက်စဉ် တားဆီးနှောင့်ယှက်သူများအား လက်လုပ်မိုင်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ညအချိန် တာဝန်ဝတ္တရားဆောင်ရွက်စဉ် တားဆီးနှောင့်ယှက်သူများအား လက်လုပ်မိုင်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ်လ ၁၀ ရက်

၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်အတွင်း၌ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် ဆောင်ရွက်စဉ် မရမ်းကုန်းမြို့နယ်၊(ဂ)ရပ်ကွက်နေ ခိုင်ဇော်ဦး(၃၁)နှစ်၊ အောင်ကိုဦး(၄၁)နှစ်၊ ဟိန်းဇော်အောင်(၁၉)နှစ်တို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တာဝန် ဝတ္တရားများထမ်းဆောင်နိုင်မှု မရှိစေရေးအတွက် လေးခွ၊ ကျောက်စရစ်ခဲများဖြင့် ပစ်ပေါက် ဟန့်တားခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေးဟန့်တားခဲ့သော်လည်း ခိုင်ဇော်ဦး မှ ထပ်မံ၍ လက်လုပ်မိုင်း(၁)လုံးဖြင့် ပစ်ပေါက်စဉ် အဆိုပါ လက်လုပ်မိုင်းသည် ၎င်း၏ လက် အတွင်းပေါက်ကွဲခဲ့သဖြင့် ၎င်း၏ ယာလက်စုပ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားထမ်းဆောင်မှုအား တားဆီး ဟန့်တားနှောင့်ယှက်ခဲ့သော ခိုင်ဇော်ဦး၊ အောင်ကိုဦးနှင့် ဟိန်းဇော်အောင်တို့အား လေးဂွ၊ ကျောက်စရစ်ခဲ၊ လက်လုပ်မိုင်း(၁)လုံး၊ NLD ပါတီအလံတံဆိပ်ပါ လွယ်အိတ် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။