စစ်တွေမြို့ ၊ အုန်းတောကြီး(မြောက်)ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း၌ မီးလောင်မှု ဖြစ်ပွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အုန်းတောကြီး(မြောက်)ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ ဦးဖူဒီးယား(ဘ) မာမွတ်စီးတီးနေထိုင်သည့် အဆောင်အမှတ်၊ (၁၂၄)၊ အခန်း(၂)အတွင်း အသုံးပြုလျက်ရှိသော ထင်းမီး ဖိုမှ တစ်ဆင့် သြဂုတ် ၂ဝ ရက် ည ၆ နာရီ ၁ဝ မိနစ်ခန့်တွင် မီးလောင်မှုစတင် ဖြစ်ပွားခဲ့ရာ စစ်တွေမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်လေးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သဖြင့် ည ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် အလျား ပေ ၈ဝ၊ အနံ ၁ဝ ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းဒုက္ခသည်စခန်း လူနေအဆောင်ခုနစ်လုံး လောင်ကျွမ်းပျက်စီးခဲ့ပြီး ဦးဖူဒီးယား၏ တစ်လခွဲအရွယ်သမီးတစ်ဦး သေဆုံးခဲ့ ကြောင်းနှင့် မီးလောင်ကျွမ်းသွားသော အဆောင်များတွင် နေထိုင်သူ အိမ်ထောင်စု ၅၆ စု၊ အမျိုးသား ၁ဝ၄ ဦး၊ အမျိုးသမီး ၁၂၃ ဦးတို့အား ဒုက္ခသည်စခန်းအတွင်းရှိ စာသင်ကျောင်း၌ ယာယီနေရာချ ပေးထားကြောင်း သိရှိရသည်။

မီးပေါ့ဆစွာသုံးစွဲသူ ဦးဖူဒီးယားအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။