ဖားကန့် မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ရှန်ကျေးရွာနေ နိုင်မိုး(ဘ) ဦးတင်လေး၏ နေအိမ်အား သြဂုတ် ၂ဝ ရက် နံနက် ၁၁ နာရီခန့်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ၎င်းအား WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅ဝ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ ကံဆိုးကျေးရွာနေ ဒေါ်မြဝင်း၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဒေါ်မြဝင်းကို WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၂ဝဝ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဖားကန့်မြို့မရဲစခန်း သို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။