ဗိုင်းရပ်ထပ်မံ ကူးစက်ပျံ့နှံ့မည့် အန္တရာယ်ကြောင့် ဗိုင်းရပ်စစ်ဆေးမှုများ လုပ်ရန် တောင်ကိုရီးယား သတိပေး

တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့၌ဖြစ်ပွားသည့် လူအများအပြား ဗိုင်းရပ်ကူးစက်မှုမှသည် နောက်ထပ် ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုများရှိမည့် အန္တရာယ်ကြောင့် ဗိုင်းရပ်စစ်ဆေးမှုများ လုပ်ရန်နှင့် အသွား အလာကန့်သတ်စောင့်ကြည့်မှုများ လုပ်ရန် အစိုးရက သြဂုတ်၂၁ ရက်တွင်သတိပေးသည်။

ယခုဗိုင်းရပ်ကူးစက်မှုသည် ဘုရားရှိခိုးကျောင်း တစ်ကျောင်းသို့သွားသည့် အသင်းဝင်များကြောင့် ဖြစ်ကာ ၎င်းတို့အနက် အချို့မှာ ပွဲလမ်းသဘင်တစ်ခုသို့သွားသောကြောင့် ဗိုင်းရပ်ကူးစက်မှုကို ထိန်း ချုပ်နိုင်ရေးအတွက် ဘုရားကျောင်း အသင်းဝင်များအားလုံး ဗိုင်းရပ်စစ်ဆေးမှုခံယူရန် တာဝန်ရှိသူများ က တိုက်တွန်းထားသည်။

သြဂုတ် ၂ဝ ရက် သန်းခေါင်ယံအချိန် အထိစစ်ဆေးချက်များအရ ဗိုင်းရပ်ကူးစက်ခံရသူ ၃၂၄ ဦးရှိသောကြောင့် နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၆၆၇ဝ အထိမြင့်တက်လာသည်။ အဆိုပါ တစ်ရက်အတွင်း ကူးစက်မှုသည် မတ် ၈ ရက်နောက်ပိုင်း ဗိုင်းရပ်ကူးစက်မှု ပမာဏ အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။