ကယ်လီဖိုးနီးယား၌ တောမီးလောင်မှု ဧက ၂၁၅ဝဝဝ အထိရောက်ရှိ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်အလယ်ပိုင်း၌ တောမီးလောင်မှုသည် ဧက ၂၁၅ဝဝဝ အထိရောက်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်းမီးသတ်ဌာနက ပြောသည်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆိုနိုမာ၊ လာကီနှင့် နာပါစီရင်စုတို့၌ တောမီးလောင်မှုကြောင့် လူနေ အဆောက်အအုံ ၄၈ဝ ခန့် လုံးဝပျက်စီးသွားပြီး ထိခိုက်ပျက်စီးသည့် အဆောက်အအုံစုစုပေါင်း ၁၂၅ လုံးရှိသည်။ သို့သော် အဆိုပါတောမီးလောင်မှုကို ယခုအချိန်အထိထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း မီးသတ်တပ်ဖွဲ့က သြဂုတ် ၂ဝ ရက်တွင်ပြောသည်။

တောမီးလောင်မှုအတွင်း လူငါးဦး သေဆုံးပြီး လူသိန်းပေါင်းများစွာကို ဘေးကင်းရာသို့ ပြောင်းရွှေ့ နေထိုင်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်ဟု NBC သတင်းဌာနကဖော်ပြထားသည်။ တာဝန် ရှိသူများအနေဖြင့် တောမီးလောင်မှုမှ ဒေသခံ ၆၂ဝဝဝ ကို ဘေးကင်းရာသို့ ကယ်ထုတ်ပေး လိုက်နိုင်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်ဟု သိရသည်။