ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ အမျိုးသား ၁ ဦးအား တူမီးသေနတ် ၂ လက်နှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ်လ ၁၈

 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် နတ်တလင်းမြို့နယ်၊ သဖန်းကျေးရွာနေ ဝင်းသန်း (၅၀)နှစ် () ဦးမြစည်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပါသည်။

 

ထိုသို့ ဝင်ရောက်ရှာဖွေ စစ်ဆေးစဉ် ပတ်ဝန်းကျင်ရှှိ လူစုလူဝေးအင်အား ၂၀ ဦးခန့်မှ တုတ်၊ ဓား၊ လေးခွတို့ ကိုင်ဆောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပိတ်ဆို့ရန်ပြုတိုက်ခိုက်ရန် ကြိုးစားလာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး သေနတ်ဖြင့် ပြန်လည်ပစ်ခတ် လူစုခွဲခဲ့ရပြီး ဝင်းသန်း၏ နေအိမ် အတွင်း ရှာဖွေရန် ဆောင်ရွက်စဉ် ဥပဒေနှင့်အညီ စစ်ဆေးမှုအပေါ် ၎င်းမှ အသာတကြည်ခံယူမှုမရှိဘဲ တူမီးသေနတ်ဖြင့် ပြန်လည် ခုခံပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေးခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဝင်းသန်းအား ဝဲလက်ခုံထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ တူမီးသေနတ် လက်အား သိမ်းဆည်းရမိခဲ့ပါသည်။

 

ထိခိုက်ဒဏ်ရာရရှိသူ ဝင်းသန်းအား အင်းမပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမှုခံယူနိုင်ရေး ပို့ဆောင် ထားရှိပြီး ၎င်းအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။