လှိုင်သာယာမြို့နယ်တွင် မတ်လ ၁၅ ရက် အကြမ်းဖက်သူများ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသော အမျိုးသမီးအား သေဆုံးလျက် ပြန်လည်တွေ့ရှိ

နေပြည်တော်၊ မတ်လ ၁၈  

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အောင်မေတ္တာရပ်ကွက်၌ အိမ်ငှားနေထိုင်သူ အမျိုးသမီး တစ်ဦးအား မတ် ၁၄ ရက် နာရီခန့်တွင် ဆူပူအကြမ်းဖက်သူ အရပ်အခေါ် ဝက်ကြီး(အမည်ရင်းနှင့် နေရပ်လိပ်စာ စိစစ်ဆဲ) ဦးဆောင်သည့် အင်အား ၂၀ ဦးခန့်မှ ဒုတ်၊ ဓါးများ ကိုင်ဆောင်ပြီး အမျိုးသမီးနေအိမ်သို့ ရောက်ရှိလာကာ ညဘက်သံပုံးမတီးခြင်းအတွက် "သူလျှို" "ဒလံ"အဖြစ် စွပ်စွဲ၍ စစ်ဆေးမည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ တစ်ဦး ဖမ်းဆီးရမိသည့်သတင်းအား ထုတ်ပြန်ပြီး ဖြစ်ပါသည်။

 

အဆိုပါ ဖြစ်စဉ်တွင် လူပျောက်ဆုံးမှုနှင့် ပတ်သက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက အပူတပြင်း နေ့ညမပြတ် ရွာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိရာ မတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တွံတေးမြို့နယ်၊ ဗျောက်ရိုးကျေးရွာအုပ်စု၊ ဗျောက်ရိုးကျေးရွာသို့သွားသည့် လမ်းဘေးတွင် ထိုးသွင်းဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်း ပေးပို့ချက်အရ သွားရောက်စစ်ဆေးရာ ဝဲယာနို့အုံကြား ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေပြီး လှိုင်သာယာမြို့နယ် ဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၍ တွံတေးမြို့ ပြည်သူ့ဆေးရုံ၊ ၎င်းနယ်မြေရဲစခန်းတို့က သေမှုသေမင်းအတွက် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

 

သေဆုံးသူ ဒေါ်ဝင်းသန္တာဆွေ ၃၀ နှစ် () ဦးချစ်ဆွေသည် ရပ်ကွက်အတွင်း သဇင် အမျိုးသမီးဖက်ရှင် အဝတ်အထည်များ အရောင်းဆိုင်ဖွင့်လှစ်လျက် သမာအာဇီဝစီးပွားရေး လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း၊ ရပ်ကွက်အတွင်း ရိုးသားစွာ၊ အေးဆေးတည်ငြိမ်စွာ နေထိုင်သူ တစ်ဦးဖြစ်သည့် အပြင် တပ်မတော်အရာရှိ တစ်ဦးနှင့်လည်း အိမ်ထောင်ပြုရန် စိစဉ်ထားပြီးဖြစ်သည့် ဇနီးလောင်း တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည့်အပြင် CDM ပါဝင်မှုမရှိခြင်း၊ ရပ်ကွက်အတွင်း အိမ်တိုင်း အဓမ္မသံပုံးတီးခိုင်းမှုအပေါ် မိမိစိတ်ဆန္ဒမရှိမှုကြောင့် ပါဝင်ခြင်းမရှိမှု တို့အပေါ် အငြိုးအတေး ထားလျက် ယခုကဲ့သို့ မူလနေအိမ်နေရာမှ ကိုးမိုင်ခန့် ဝေးကွာသည့်နေရာသို့ ရက်စက်စွာ သတ်ဖြတ်ပို့ဆောင် စွန့်ပစ်ထားမှုအပေါ် သိရှိသူတိုင်းမှ စက်ဆုတ်ရွံ့ရှာပြင်းထန်ရှုံ့ချမှု ရှိနေကြကြောင်းနှင့် မသင်္ကာသူများဖြစ်သော လှမျိုး() ဦးထွန်းရီသောင်ကြီး ကျေးရွာ၊ လှိုင်သာယာ အနောက်မြို့နယ်၊ ကိုလင်း()လင်းလင်း () ဦးလှအုန်း ()ရပ်ကွက်၊ လှိုင်သာယာအရှေ့မြို့နယ်၊ အောင်ထွဋ်ထွဋ် ()ကိုထွဋ် () ဦးထွန်းထွန်းငါးသိုင်းချောင်းမြို့နယ်၊ဝင်းသူစိုး () ချစ်မင်းနိုင် () ဦးသောင်းရင် ကဝမြို့နယ်၊ ဝေဖြိုးစံ () ကုလားမ () ဦးစံဝင်း၊ မိုးသီတာ () ဦးမြင့်သိန်း၊ တင်ထွန်းအောင် () ဦးထွန်းဆန်၊ လှိုင်သာယာအနောက်မြို့နယ်၊ မြင့်မြင်အေး () ဦးငွေငြိမ်း ဓနုဖြူမြို့နယ်၊ နန်းခင်ခင်ဝင်း () ဦးစံသိန်းတို့အားပဏာမစိစစ်ဖော်ထုတ်ရမိခဲ့ပါသည်။

 

ဆက်စပ် တရားခံများ ဖမ်းဆီးရမိရေး နှင့် ပြင်းထန်စွာ ပြစ်ဒဏ်စီရင်ချက် ချနိုင်ရေးအတွက် လူသတ် တရားခံများအား မြို့နယ်နေပြည်သူများက ဖော်ထုတ်သတင်းပေးကြနိုင်ရေးလည်း သက်ဆိုင်ရာမှ နှိုးဆော် မေတ္တာရပ်ခံထားကြောင်း၊ သက်ဆိုင်ရာ မိသားစုများမှလည်း မည်သို့ပင်ဖြစ်စေ၊ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန် ဆန္ဒပြုမှုအပေါ် ကျန်ထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် လူသတ်တရားခံ ဦးနှင့် ပါဝင်ဆက်စပ်သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။