တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ လက်လုပ်ဂက်(စ်)သေနတ်များ၊ ပြုလုပ်ဆဲဒိုင်းကာများ၊ ကျည်ကာအင်္ကျီ၊ ယမ်းခဲ၊ စကားပြောစက်နှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မတ်လ ၁၈

 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ ညနေ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဖွဲ့()ဖွဲ့ခွဲ၍ ဆူပူအကြမ်းဖက်မှုများတွင် အသုံးပြုရန်အတွက် ဂက်(စ်)သေနတ်များ၊ ဒိုင်းကာများ ပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ အဖွဲ့()သည် ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်၊ သုခလမ်း၊ အိမ်အမှတ် ၆၁၃ ရှိ "ရှိင်းစတား" သံပန်းတံခါးဆိုင်နှင့် တွဲလျက်ရှိ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ ဝင်းလတ်ထွေး () ဦးမြင့်နှင့် ကိုကိုလင်းနိုင် ()ဦးသန်းနိုင်တို့ ဦးအား  တွေ့ရှိ ဖမ်းဆီးရမိကာ လက်လုပ်ဂက်(စ်)သေနတ် လက်၊ ပြုလုပ်ဆဲသံဒိုင်း ၁၀ ချပ်နှင့် ဆက်စပ် စက်ပစ္စည်းကိရိယာများအား ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး အဆိုပါနေအိမ်နှင့်ဆိုင်အား ရှာဖွေနေစဉ် လူစုလူဝေးအင်အား ၈၀ ဦးခန့်မှ ဝိုင်းဝန်းဆူပူအော်ဟစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရပါသည်။

 

 အလားတူ တစ်ချိန်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့()သည်  ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ်ရပ်ကွက်၊ သုခလမ်းရှိ အောင်ဝေယံကျော်၏ နေအိမ်တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ နေအိမ်၌ အောင်ဝေယံကျော် () ဦးကြည်လွင်၊ သုတစိုး () ဦးတင်စိုး၊ ဝေယံထက် () ဦးမင်းအောင်၊ ဇင်မြတ်ဦး () ဦးသိန်းတင်၊ ကျော်မင်းဦး () ဦးလှကျော်ဦး၊ ရာဇာထွန်း () ဦးမင်းဦး၊ ရဲထွန်း () ဦးမင်းထွန်းသောင်းနှင့် အောင်သူရဇော် ()ဦးတင်စိန်တို့ ဦးအား တွေ့ရှိဖမ်းဆီးရမိကာ လက်လုပ် ဂက်(စ်)သေနတ် လက်၊ ကျည်ကာအင်္ကျီ ထည်၊ လက်ကိုင်စကားပြောစက် လုံး၊ ယမ်းခဲ ၅၀ ကျပ်သား၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး ခု၊ ဆေးသေတ္တာအိတ် လုံး၊ လူနာသယ်ကပ် ခု၊ ရောင်စုံကော်ဦးထုပ် လုံး၊ ကွန်ပျူတာ လုံး၊ Hand Speaker လုံး၊ Soung Box လုံးတို့အား သိမ်းဆည်းရမိခဲ့ပါသည်။

 

လုံခြုံရေးပူးပေါင်း အဖွဲ့များသည် အထက်ပါနေရာ ခု၌ ဖမ်းဆီးရမိသည့် တရားခံများ၊ သက်သေခံပစ္စည်း များနှင့်အတူ ညနေ နာရီ ၁၀ မိနစ်အချိန်၌ ပြန်လည်ထွက်ခွာလာခဲ့ရာ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ ရေးလမ်းနှင့် လမ်းဆုံအရောက်တွင် ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား ၇၀ ဦးခန့်မှ လုံခြုံရေးပူးပေါင်း အဖွဲ့အား အတားအဆီးများဖြင့် ပိတ်ဆို့ကာ ဆူပူအော်ဟစ်ခဲ့သဖြင့်  အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲ ခဲ့ရပါသည်။

 

အထက်ပါ ဖြစ်စဉ်များမှ ဖမ်းဆီးရမိသည့် တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။