ပဲခူးမြို့၌ ဆူပူအကြမ်းဖက်မှု လုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ပြုလုပ် ထားရှိသည့် မီးပုလင်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ်လ ၁၈

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်အတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး လုပ်ငန်းများအပြင် ဆူပူအကြမ်းဖက်ဆန္ဒပြသူများမှ လမ်းမကြီးများအား အသုံးပြု၍ မရအောင် ပိတ်ဆို့ထားရှိသည့် အတားအဆီးများအား ဖယ်ရှား၍ လမ်းများပြန်လည် အသုံးပြုနိုင်ရေး အတွက် စည်ပင်သာယာရေး ဝန်ထမ်းများ၊ ဆူပူအကြမ်းဖက် ဆန္ဒပြမှုများအား မလိုလားသည့် တာဝန်သိ ပြည်သူများနှင့်အတူ ယာဉ်/ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းတို့အား မြို့၊ ရွာ၊ ရပ်ကွက် အများအပြားတွင် ဆောင်ရွက်လျက်ရှိပါသည်။

 

၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် နာရီ ၄၀ မိနစ် ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ် () လမ်းမှစတင်၍ ရွှေမောဓေါဘုရား တောင်ဘက်မုဒ်အထိ ဆူပူအကြမ်းဖက် ဆန္ဒပြသူများမှ ပိတ်ဆို့ထားရှိသော အတားအဆီးများအား ဖယ်ရှားရှင်းလင်းခဲ့ပါသည်။

 

ထိုသို့ဖယ်ရှားရှင်းလင်းစဉ် ကျိုက်ပွန်ဘုရားမုဒ်ဦးအပေါက်ဝအရှေ့ ရန်ကုန်-မန္တလေးကား လမ်းမကြီး၊ လမ်းလယ်ကျွန်း၌ Sting အချိုရည်ပုလင်းခွံနှင့် Tiger ဘီယာပုလင်းခွံတို့ထဲတွင် ဓာတ်ဆီနှင့် အင်ဂျင်ဝိုင်ရော၍ ဆူပူအကြမ်းဖက် လုပ်ရပ်များတွင် အသုံးပြုရန် ရည်ရွယ်ပြုလုပ်ထားသည့် လက်လုပ်မီးပုလင်းများအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဘေးလွတ်ရာသို့ယူဆောင်ကာ ဖျက်ဆီးခဲ့ရကြောင်း သတင်းရရှိပါသည်။