Ar-K Club ကကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ကွာတားဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

Ar-K Club ကကြီးမှူးကျင်းပသည့် ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော်သည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ပြိုင်ဘက်ကစားသမားကို ရှုံးနိမ့်၍    ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

Ar-K Club သည်  ဘုန်းမြင့်ကျော်ကို စပွန်ဆာပေးထားသည့်  ကုမ္ပဏီဖြစ်ပြီး ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲနှင့်  နူငအ Elite Tour 8 Ball ပြိုင်ပွဲယှဉ်ပြိုင်ရန်  ယင်းကလပ်၌   လေ့ကျင့်နေစဉ်အတွင်း    ဖိတ်ခေါ်ပြိုင်ပွဲတချို့ ဝင်ရောက်ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။

ဖိတ်ခေါ် 8 Ball ပြိုင်ပွဲကို  သြဂုတ် ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းပခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် သြဂုတ်နောက်ဆုံးပတ်တွင်  Chinese 8 Ball ပြိုင်ပွဲ  တတိယလုပွဲနှင့်  Elite Tour 8 Ball ပြိုင်ပွဲ တတိယဇုန်ပွဲစဉ်များ  ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် သြဂုတ်ပထမပတ်က ကျင်းပခဲ့သည့် Elite Tour 8 Ball ပြိုင်ပွဲအကြိုဗိုလ်လုပွဲတွင် တရုတ်ကစားသမားချူဘင်ဂျီကို နှစ်ရက်ဆက်ရှုံးနိမ့်၍ ဗိုလ်လုပွဲ တက်ရောက်ခွင့်နှင့် လွဲချော်ခဲ့သည်။

သို့သော် ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲ၏ တတိယလုပွဲအဖြစ် သြဂုတ် ၂၅ ရက်တွင်  တရုတ်ကစားသမား  ယူဟိုင်ထောင်နှင့်   ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။         

ကိုရဲ