မဟတ္တမဂန္ဒီ၏မျက်မှန် စတာလင်ပေါင် ၂၆၀၀၀၀ ဖြင့် လေလံအောင်

အိန္ဒိယနိုင်ငံ၏  လွတ်လပ်ရေးခေါင်းဆောင်ဖြစ်သော မဟတ္တမဂန္ဒီ၏ ရွှေကိုင်းတပ်မျက်မှန်တစ်လက်သည် ဗြိတိန်နိုင်ငံရှိ လေလံပွဲတစ်ခု၌  စတာလင်ပေါင် ၂၆၀၀၀၀ ဖြင့် လေလံအောင်သွားကြောင်း သိရသည်။

အဆိုပါ မျက်မှန်ကို လွန်ခဲ့သောသီတင်း ပတ်လေးပတ်တွင် လေလံရုံး၏ စာတိုက်ပုံးအတွင်းမှ တွေ့ရှိခြင်းဖြစ်ကြောင်း အရှေ့ ဘရစ္စတိုလေလံရုံးက ပြောသည်။

ထိုမျက်မှန်ကို ပျံကျဈေးသည် အမျိုးသားတစ်ဦးက ပေးပို့ခြင်းဖြစ်ကြောင်း၊  ပျံကျဈေးသည်က အဆိုပါမျက်မှန်ကို  ၎င်းင်း၏

ဦးလေးထံမှ ရရှိခြင်းဖြစ်ကြောင်းနှင့် ၎င်းင်း၏ ဦးလေးကို မဟတ္တမဂန္ဒီကိုယ်တိုင်ပေးခဲ့ခြင်း ဖြစ်ကြောင်း  လေလံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ မျက်မှန်ကို ကြမ်းခင်းဈေးအဖြစ်  စတာလင်ပေါင် ၁၅၀၀၀ ဖြင့်သာ ဈေးဖွင့်ခဲ့ ခြင်းဖြစ်သော်လည်း မယုံနိုင်လောက်သည့် ငွေပမာဏရရှိခဲ့ကြောင်း သိရသည်။

မဟတ္တမဂန္ဒီသည် ၎င်းအတွက်အသုံး မလိုတော့သော ပစ္စည်းများကို လိုအပ်သူများအား ပေးကမ်းလေ့ရှိသူဖြစ်ပြီး ၁၉၂၀ ပြည့်နှစ်နှင့် ၁၉၃၀ ပြည့်နှစ်ကြားတွင် တောင်အာဖရိက၌ ရှိနေစဉ် ဗြိတိသျှရေနံကုမ္ပဏီ၌ အလုပ်လုပ်နေသည့် ပျံကျဈေးသည် အမျိုးသား၏ ဦးလေးကို ပေးခဲ့ခြင်း ဖြစ်သည်။

Ref: The Straits Times