တောင်ကိုရီးယားတစ်နိုင်ငံလုံး၌ လူစုလူဝေးမဖြစ်စေရေး တင်းကျပ်သည့်လမ်းညွှန်ချက်များပြန်ချမှတ်မည်

တောင်ကိုရီးယားနိုင်ငံ  ဆိုးမြို့၌  နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူူးစက်ခံရသူအရေအတွက်  တိုးမြင့်လာသဖြင့် အစိုးရက သြဂုတ် ၂၃ ရက်မှစ၍ တစ်နိုင်ငံလုံး၌ လူစုလူဝေးမဖြစ်စေရေး တင်းကျပ်သည့်လမ်းညွှန်ချက်များကို ပြန်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၁ ရက်ညပိုင်းတွင် ဗိုင်းရပ်ကူးစက်ခံရသူ ၃၁၅ ဦးရှိသောကြောင့် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်း ၁၇၀၀၂ ဦးအထိမြင့်တက် လာကြောင်းနှင့် သေဆုံးသူစုစုပေါင်း ၃၀၉ ဦးရှိလာပြီဖြစ်ကြောင်း ကိုရီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ပြောသည်။

တောင်ကိုရီးယား အစိုးရသည်   အဆင့်မြင့် ခြေရာခံခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုတို့ကို အသုံးပြု၍  ပထမအကျော့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း  ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဆိုးမြို့နှင့်အနီး ဝန်းကျင်ဒေသများ၌ ဗိုင်းရပ်ကူးစက်ခံရသူများကို ပြန်လည်စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။

ထို့ကြောင့် ဆိုးမြို့နှင့်အနီး ဝန်းကျင်ရှိ မြို့များ၌ လူစုလူဝေးပြုလုပ်ခြင်းကို ကန့်သတ်ခြင်း၊    ဘုရားကျောင်းတက်ခြင်းကို တားမြစ်ခြင်း၊ နိုက်ကလပ်များ၊ ကာရာအိုကေများ၊ အင်တာနက်ဆိုင်များနှင့် ဘူဖေးစားသောက်ဆိုင်များကို ပိတ်ခိုင်းခြင်း အပါအဝင် လူစုလူဝေးမဖြစ်စေရေး လမ်းညွှန်ချက်များကို အစိုးရကပြန်လည် ချမှတ်ထားပြီး ဖြစ်သည်။

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို အစောဆုံး အခြေအနေတွင် မထိန်းချုပ်နိုင်ပါက ကြီးမားသော ကူးစက်မှု ဖြစ်ပွားမည် ဖြစ်ကြောင်း၊ ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါဆိုးကို တိုက်ဖျက်ရမည့် ကိစ္စထက် အရေးကြီးသော ကိစ္စမရှိကြောင်း     ကျန်းမာရေးဝန်ကြီးပါ နောင်ဟိုက သြဂုတ် ၂၂ ရက်အစည်းအဝေးတွင် ပြောသည်။           

  Ref: The Straits Times