(၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၇

 

၂၀၂၁ ခုနှစ်၊ (၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြသည်။

 

ဂုဏ်ပြုညစာစားပွဲ စတင်ကျင်းပချိန်တွင် (၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနှင့် ဘုရင့်နောင်ရိပ်သာတို့မှ မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ တို့သည် (၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်လာကြ သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fominနှင့် အဖွဲ့ဝင်များ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အငြိမ်းစားအရာရှိကြီးများ၊ အငြိမ်းစား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ ပြည်ထောင်စုတရား လွှတ်တော် ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်များ၊ အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ သူရဘွဲ့နှင့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့၊ တံဆိပ်ရရှိ ခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၊ ဆွေမျိုးများ၊ အသွင်ပြောင်း ပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟိုအကြံပေး ကွပ်ကဲရေး အဖွဲ့များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံ အမတ်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ စစ်ရေးပြအခမ်းအနားတွင်ပါဝင်ခဲ့သည့် စစ်ရေးပြမှူး၊ စစ်ကြောင်းမှူးများ၊ ဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်သား (အငြိမ်းစား) ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့တို့မှ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ တပ်မတော်ဂုဏ်ပြု ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ဆုရရှိသည့် တပ်မတော်သား အားကစားသမားများ၊ တပ်မတော်နေ့ အလှူရှင်များ၊ တိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထား သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

(၇၆) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတွင် ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့ပြင် (၇၆)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် Drone ယာဉ်ငယ်များ ကို အုပ်စုဖွဲ့၍  76 th AREMD FORCE DAY  စာတမ်း၊ (၇၆ နှစ်မြောက်တပ်မတော်နေ့စာတမ်း) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မြေပုံ၊ နိုင်ငံတော်အလံ၊ တပ်မတော်အလံ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အလေးပြုနေသည့် ပုံသဏ္ဏာန်၊ တပ်မတော်(ကြည်း၊ရေ၊ လေ)တံဆိပ်၊ တင့်ကား၊ တပ်မတော်ရေယာဉ်၊ ရဟတ်ယာဉ်တို့၏ ပုံသဏ္ဍာန်များကို Drone ယာဉ်ငယ်ပေါင်းများစွာကို အသုံးပြု၍ မောင်းနှင်အလှပြဂုဏ်ပြုကြသည်။

 

ညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက သီဆိုဖျော်ဖြေခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား အမှတ်တရဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့ကြပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကာ အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ကြသည်။

 

(၇၆) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝန်းအဝင် လမ်းမကြီးတစ်လျှောက်တွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် မြေပုံ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ခုတို့၏ နယ်နိမိတ်မြေပုံများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် တိုင်းစစ်ဌာနချုပ်များ၏ အမှတ် တံဆိပ်များ၊ တပ်မတော်ရေယာဉ်၊ ရဟတ်ယာဉ်များ၊ သံချပ်ကာယာဉ်များ၏ ပုံသဏ္ဍန်များကို မီးအလှအပများဖြင့် လှပစွာဂုဏ်ပြုပုံဖော်ထွန်းညှိထားရှိကြောင်းနှင့် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြ သူများက စိတ်ချမ်းမြေ့ကြည်နူးစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။