နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၈/၂၀၂၁)သို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော် မတ်  ၃၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြသည်။

   

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြား ရာတွင် မိမိတို့အနေဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်မှာ နှစ်လတာအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ မည်သည့် အတွက်ကြောင့် တာဝန်ယူခဲ့သည်ကို အကြိမ်ကြိမ် ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လွှတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး အကြိမ်ကြိမ်ပြောကြားခြင်းများ ပြုလုပ်ခဲ့သော်လည်း မဲမသမာမှုများဖြင့်  အစိုးရဖွဲ့ရန် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်ကိုလိုအပ်သလို အရေးယူဆောင်ရွက်ရန်အတွက် တာဝန်လွှဲအပ်ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ မရင့်ကျက်သေးသည့် နိုင်ငံဖြစ်ခြင်းကြောင့် သဘောရိုးဖြင့် မဲစာရင်းမှားယွင်းမှုများ ရှိနိုင်သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့် မဲစာရင်း မှားယွင်းမှုများသည် စနစ်တကျဖြင့် မှားယွင်းစေရန် ဆောင်ရွက်ခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ မဲပေး ပိုင်ခွင့်ရှိသူ ၃၉ သန်းကျော်တွင် ၁၀ ဒသမ သန်းမှာ မှတ်ပုံတင်မရှိဘဲ မဲပေးမှုများနှင့် သံသယ ဖြစ်ဖွယ်မဲပေးမှုများကို စိစစ်တွေ့ရှိရကြောင်း၊ ၂၅ ရာခိုင်နှုန်းကျော် မဲသံသယဖြစ်ဖွယ် ဖြစ်ပွားခဲ့သည်ကိုတွေ့ရှိရသဖြင့် ရှင်းလင်းရန် ပြောကြားခဲ့သော်လည်း ရှင်းလင်းပေးမှု မရှိခဲ့ကြောင်း။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ရာတွင်လည်း ပြည်သူများမှရွေးချယ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံများအလိုက်  ဒီမိုကရေစီစနစ် ကျင့်သုံးသည့်စနစ်နှင့် ပုံစံများမတူနိုင်ကြောင်း၊ အနောက်ဥရောပ နိုင်ငံများတွင်ပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီသကဲ့သို့ မိမိတို့ အာရှနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ခြိမ်းခြောက်၍မဲပေးခိုင်းခြင်းမဟုတ်ဘဲ ပြည်သူများ၏ ဆန္ဒအရ ဆန္ဒမဲများပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူများရွေးချယ်ထားသည့် ဒီမိုကရေစီစနစ် မယိမ်းမယိုင် လျှောက်လှမ်းနိုင်ရန်အတွက် ယခုအခါတွင်လည်း စုပေါင်းဦးဆောင်မှုဖြင့်သာဆောင်ရွက်လျက်ရှိပြီး အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ တပ်မတော်မှ ဝန်းရံပေးနေခြင်းသာ ဖြစ်ကြောင်း၊ ပြည်သူများမျှော်မှန်းထားသည်မှာ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သော်လည်း တတိယသက်တမ်းအတွက် ရွေးကောက်ပွဲပြုလုပ်ချိန်တွင် မဲမသမာမှုများ ပြုလုပ်၍ ပြည်သူများ ရွေးချယ်ထားသည့် ဒီမိုကရေစီစနစ်ကို ပျက်ရယ်ပြုပြီး ပြည်သူလူထုကို စော်ကားခြင်းဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုများကြောင့် မဖြစ်သင့်သည်များ ဖြစ်ပေါ်လျက် ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စစ်မှန်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ဖြစ်ပေါ်စေရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာဆုံးဖြတ်ချက် ချထားကြောင်း၊ မိမိတို့နိုင်ငံ တိုးတက် ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်အတွင်း မျှတမှုရှိရန်အတွက် PR စနစ်ကျင့်သုံးနိုင်ရေး စဉ်းစားသုံးသပ် ဆွေးနွေးရန် လိုကြောင်း။

 

မိမိတို့ စတင်တာဝန်ယူပြီး ရက်မြောက်နေ့မှစ၍ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ဖော်ထုတ်မှု များဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဆန္ဒပြမှုအဆင့်မှ ဆူပူမှု၊ အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ လုယက်တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများ ဖြစ်ပေါ်လာကြောင်း၊ အဆိုပါဖြစ်စဉ်များကို ရှင်းလင်း ရာတွင်လည်း ဥပဒေနှင့်အညီသာ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်လျက်ရှိသည့် ဆူပူဆန္ဒပြမှုများကို ဖြေရှင်းရာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ကာလ ရှည်ကြာစွာ လျှောက်လှမ်းလျက်ရှိသည့် နိုင်ငံများ၌ အရေးယူဖြေရှင်း ဆောင်ရွက်မှုများမှာ မိမိတို့နိုင်ငံထက် ပိုမိုပြင်းထန်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဆူပူမှုများ ဖြစ်ပေါ်ချိန်တွင် ပွဲလန့်တုန်းဖျာခင်းသည့်အနေဖြင့် အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တပ်မတော်စခန်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအချို့ကို တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း၊ နိုင်ငံရေးခံယူချက်များကြောင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နောက်ကွယ်မှ ပြည်ပနိုင်ငံများက ထောက်ပံ့ပေးမှု များကြောင့် ဆောင်ရွက်နေသည်ကိုသိရှိရကြောင်း၊ ထို့ကြောင့် တပ်မတော် အနေဖြင့် တုံ့ပြန်မှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားအချင်းချင်း ဖြစ်ခြင်း၊ NCA လက်မှတ်ရေး ထိုးထားခြင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်း လိုခြင်းနှင့် ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်လိုခြင်းများ ကြောင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် NCA ကိုချိုးဖောက် ခြင်းများကြောင့် အရေးယူတုံ့ပြန်ခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် အဆိုပါအဖွဲ့များသည် ငြိမ်းချမ်းရေးလိုချင်သည့် အဖွဲ့အစည်းများဟုတ်၊ မဟုတ် သိနိုင်ကြောင်း။

ကောင်စီမှ ရှေ့လုပ်ငန်းစဉ် ()ရပ်ချမှတ် ဆောင်ရွက်လျက်ရှိရာ မဲစာရင်းစစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်း၊ COVID-19 ထိန်းချုပ်ရေးဆောင်ရွက်ခြင်းနှင့် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သည့် စီးပွားရေးပြန်လည်တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည်ပို့ဆောင်မှုများ ပြန်လည်ချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ပါက စားရေးတွင် အဆင်ပြေလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျေးလက်ကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများကို ပစ်ပယ်၍မရကြောင်း၊ စီးပွားရေးမြှင့်တင်မှုများဆောင်ရွက်ချိန်တွင် ကျေးလက် နှင့် မြို့ပြကွာခြားချက်များ အနည်းဆုံးဖြစ်အောင်လျှော့ချနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံများဖွင့်လှစ် နိုင်ရန်ဆောင်ရွက်နေကြောင်း၊ အသိပညာ၊ အတတ်ပညာများ ရရှိအောင်ဆောင်ရွက်၍ ကျေးလက်နေပြည်သူများ၏ ဘဝကိုအာမခံချက်ရရှိ အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပြီး လိုအပ်သည့်ငွေကြေးနှင့် နည်းပညာများကို ဖြည့်ဆည်းပေး ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး ချေးငွေများနှင့် ပတ်သက်၍ တောင်သူများထံသို့ စိုက်ပျိုးရေး ချေးငွေထုတ်ပေးရာတွင် အဆင့်ဆင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ အတိုဆုံးလမ်းကြောင်းဖြင့် ဆောင်ရွက်ပေးမှသာ တောင်သူများအနေဖြင့် ထိရောက်သော သက်သာမှုရရှိနိုင်မည် ဖြစ်ကြောင်း၊  မိမိတို့ကောင်စီအနေဖြင့် တောင်သူများ၏ဘဝ၊ ကျေးလက်နေပြည်သူများ၏ ဘဝတိုးတက် အောင် စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှုများပြား လာသည့်အတွက် ရာသီဥတုပူပြင်း လာသည်ကို တွေ့ရှိရကြောင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီပြီး အရည်အသွေးပြည့်မီသည့် သီးနှံပင်များစိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း၊ ကမ္ဘာပေါ်တွင် အဓိကစားသုံးသည်မှာ ဆန်နှင့် ဂျုံသီးနှံပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သဖြင့် နိုင်ငံတစ်ဝန်းလုံး ဆန်၊ စပါးဖူလုံစေရန်နှင့် သွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရေသုံးစွဲမှုကို လည်းချွေတာ သုံးစွဲရန်အတွက် ပညာပေးမှု၊ လှုံ့ဆော်မှုများကို ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ထွင်ခြင်းကို ထိန်းသိမ်း၍ ကုန်းမြင့်လယ်ယာအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် စိုက်ပျိုးရေရရှိရေးကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်အကျိုးအတွက် ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်နှင့် ဒေါက်တာဗညားအောင်မိုးတို့က  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်နိုင်ရေး၊ လုံခြုံရေးအရ လိုအပ်သည့် နေရာများတွင်သီးသန့် ဥပဒေပြဋ္ဌာန်း၍ အထူးတရားရုံးများ ဖွဲ့စည်းဖွင့်လှစ်နိုင်ရေး၊ အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးအတွက် ဝင်ငွေခွန်ကောက်ခံသည့်နှုန်းထားများပြင်ဆင် သတ်မှတ်နိုင်ရေး၊ လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြလျက်ရှိသည့် ကောလာဟလသ တင်းစာမျက်နှာများ အားထိန်းချုပ်ရေး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များ ဖော်ဆောင်ပေးနိုင်ရေး၊ ပုသိမ်မြို့၌ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အသိပေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် ပိုမိုအသိအမှတ်ပြု ထောက်ပံ့ပေးနိုင်ရေး၊ သတင်းမီဒီယာအဖွဲ့အစည်းများကို စနစ်တကျပြန်လည်ဖွဲ့စည်း ဆောင်ရွက်ရေး၊  နိုင်ငံတော်၏လုံခြုံရေးယန္တရားကို အခြေခံလိုအပ်ချက်များဖြည့်ဆည်း ပေးနိုင်ရေး၊ ဒေသအလိုက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် အချက်အခြာနေရာများတွင် လုံခြုံရေးတိုးမြှင့် ချထားနိုင်ရေး၊ ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များ ဆွမ်းကိစ္စ အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ထောက်ပံ့လှူဒါန်းနိုင်ရေး၊ အင်တာနက်ဝန်ဆောင်မှု ပိတ်ပင် ထားခြင်းများကို ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရေး၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ သွေးထိုးစည်းရုံးလှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများနှင့် စပ်လျဉ်း၍ တန်ပြန်အသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး၊ အေးချမ်းစွာ နေထိုင်လိုသည့်ပြည်သူများ ပါတီများနှင့် အဖွဲ့အစည်း များအား လုံခြုံရေးဆိုင်ရာ အကာအကွယ်များ ပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြသည်။

 

ဆက်လက်၍ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသအလိုက် လုံခြုံရေးဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆူပူအကြမ်းဖက်အဖွဲ့အစည်းများက အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်ရန်ကြံစည် ခဲ့မှုများ၊ နယ်မြေဒေသလုံခြုံရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့်အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဉပဒေကို ပြန်လည်စိစစ်သုံးသပ်ပြီး လိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အထူးတရားရုံးများ ဖွင့်လှစ်နိုင်ရေးအတွက်လည်း အလေး ထား စဉ်းစားသွားမည်ဖြစ်ကြောင်း၊  အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းပြီး ပြည်သူလူထုကို ဝန်ထုပ် ဝန်ပိုးမဖြစ်စေလိုကြောင်း၊ ဝင်ငွေခွန်နှုန်းထားကို မတိုးမြှင့်ဘဲ အခွန်နယ်ပယ်ကိုချဲ့ထွင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများကို မှာကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အခွန်ကောက်ခံမှု သည် အာဆီယံနိုင်ငံများ၏ အခွန်ကောက်ခံမှုထက် နည်းပါကြောင်း။

 

အစိုးရဝန်ထမ်းများသည် ပုဂ္ဂလိက ဝန်ထမ်းများထက် လစာရရှိမှု နည်းပါးသော်လည်း ပင်စင်လစာ အကျိုးခံစားခွင့်ရှိသည့် ဘဝအာမခံချက်ရှိကြောင်း၊ ရရှိသည့်လစာနှင့် လုံလောက် အောင် သုံးစွဲနိုင်သည့် အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးရန်နှင့် အဆင့်နှင့်လျော်ညီသည့် လူနေမှုစနစ်ဖြစ်စေရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်သည့် စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင်များကို စနစ်တကျ မွေးထုတ်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးစနစ်၊ စီးပွားရေးစနစ်၊ လူမှုရေးစနစ်များတွင် ပြုပြင်ပြောင်းလဲရမည့် ကိစ္စရပ်များရှိကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဒေသနှင့်ကိုက်ညီသော စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရန်နှင့် ဒေသအားလုံးတပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ ကျေးလက်နှင့် မြို့ပြ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရန်လိုအပ်ကြောင်း၊ နိုင်ငံတနံတလျားရှိ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ရှိပြီးသားအခြေခံကောင်းများကိုအသုံးချ၍ စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ ပုသိမ်၊ မော်လမြိုင်နှင့် ထားဝယ်တို့တွင် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းများတည်ဆောက်နိုင်ရေး အခြေခံကောင်းများ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ၏ စားဝတ်နေမှု ဖူလုံစေရေးအတွက် အဓိကထားစဉ်းစားကြောင်း၊ စားနပ် ရိက္ခာဖူလုံမှုမရှိသည့် ချင်းပြည်နယ်တွင်လည်း စားနပ်ရိက္ခာ ဖူလုံစေရန် အလေးထား သုတေသန ပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်ကို မည်သို့ကောင်းအောင် လုပ်ဆောင် သင့်သည်ကို စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

 

ယခု လုပ်ဆောင်နေသည့် ဆူပူအကြမ်းဖက်မှုများသည် အစိုးရအားဆန့်ကျင်နေခြင်း မဟုတ်ဘဲ တိုင်းပြည်နှင့်ပြည်သူလူထု၏ စီးပွားရေးကို ပျက်စီးအောင်ဆောင်ရွက်နေကြခြင်း  သာဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ဥပဒေကိုကျော်လွန်၍ ဆောင်ရွက်နေခြင်းမျိုးမရှိဘဲ တရား ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

 

ဆိုရှယ်မီဒီယာသည် ကောင်းကျိုးများ ရှိသကဲ့သို့ ဆိုကျိုးများလည်း ဖြစ်ပေါ်စေကြောင်း၊  အင်တာနက်ကိုမှီခို ၍ဆောင်ရွက်နေရသည့် လုပ်ငန်းများရှိသည့်အတွက် အမြဲပိတ်ထား၍ မရကြောင်း၊ ယင်းအား မှန်ကန်စွာ အသုံးပြုနိုင်ရေး ထိန်းကြောင်းရန်လိုအပ်ပြီး ဖောက်ဖျက်ပါက ထိရောက်စွာဟန့်တားနိုင်သော ပြစ်ဒဏ်များ ချမှတ်သွားနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊  မီဒီယာလုပ်ငန်းအား နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဟု အသိအမှတ်ပြုထားကြောင်း၊ မီဒီယာများမှ တစ်ဆင့်အသိပညာများ ယူတတ်ရန် အရေးကြီးကြောင်း၊ ပြည်သူများကို ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိပညာများ၊ အတွေးအခေါ်များရှိအောင် လုပ်ဆောင်ပေးကြရန်လိုကြောင်း၊ လူငယ်လူရွယ်အားလုံး ပညာတတ်ဖြစ်အောင် ပညာရေးလမ်းကြောင်း ကောင်းအောင် မြှင့်တင်ရန်နှင့် စိတ်နေသဘောထားများ ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

 

ရုံးပိတ်ရက်များကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချနိုင်ရန် ပြန်လည်စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များအတွက် ဆွမ်း၊ ဆန်၊ ဆီ၊ ပဲများ ဖူလုံရေးအတွက် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့များကို ညွှန်ကြားထားကြောင်း၊ ဒီမိုကရေစီခေတ်တွင် အသိစိတ်ဓာတ်များ ပြင်ကြရမည်ဖြစ်ပြီး လူမှုရေးအသိစိတ်ဓာတ်ရှိရန် လိုကြောင်း၊ ဒီမိုကရေစီကို မသိကျိုးကျွံပြု၍ သူတလူ ငါတစ်မင်း ဆောင်ရွက်၍ မရကြောင်း၊ မိမိတို့လုပ်ဆောင်မှုသည် တစ်နိုင်ငံလုံး အကျိုးခံစားခွင့်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး တိုင်းပြည်အား အာမခံချက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား များကို ဂရုတစိုက်ဖြင့် မျှတသည့် အခွင့်ရေးပေးရန် လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ် ရပ်အတိုင်း ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။