မြို့ကြီးအချို့တို့၌ ဖြစ်ပေါ်လျက်ရှိသည့် ဆူပူဆန္ဒပြမှုများကြောင့် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုများအနေဖြင့် စိတ်အနှောင့်အယှက်များဖြစ်ပေါ်လျက်ရှိ

နေပြည်တော် မတ် ၃၀

 

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွား နိုင်သော မဲစာရင်းကြီးမားစွာမှားယွင်းမှုများကို တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့် ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေ အနေအဖြစ် ကြေညာခဲ့ပြီးနောက် ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့ သော်လည်း ဒုတိယအပတ်မှစတင်၍ NLD ပါတီဝင်များနှင့် ထောက်ခံသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူမှု၊ ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့သည်။

 

 ယခုအခါတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုမှတစ်ဆင့် ဆူပူအကြမ်းဖက်မှု၊ မင်းမဲ့စရိုက် ဆန်သည့်လှုပ်ဆောင်မှု၊ ဥပဒေချိုးဖောက်မှုအဆင့်များမှတစ်ဆင့် နိုင်ငံတော် အုပ်ချုပ် ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေးဆိုင်ရာ အဆောက်အဦများအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းများ၊ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းအားထုတ်မှု များစသည့် လက်နက်ကိုင်အကြမ်းဖက်သည့်အဆင့်သို့ ကူးစက်အသွင်ပြောင်း လာခဲ့ သည်ကို တွေ့ရှိလာရသည်။

 

ထို့ပြင် NLD ပါတီဝင်များနှင့် ထောက်ခံသူများသည် တစ်ဖက်တွင် ပြည်သူ များ လမ်းပေါ်သို့ရောက်ရှိလာစေရန်ရည်ရွယ်၍ နည်းမျိုးစုံဖြင့် လှုံ့ဆော်သွေးထိုးလျက်ရှိ ပြီး နိုင်ငံရေးအပေါ် သိတတ်နားလည်မှု မရှိနိုင်သေးသည့် နုနယ်လှသော အရွယ်မ ရောက်သေးသူ ကလေးသူငယ်များကိုပါ ဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် ရှေ့တန်းတင် အသုံးချလာကြသည်ကို တွေ့ရှိနေရသည်။ ၎င်းအပြင် ကလေးသူငယ်များအား လူအများ ထိခိုက်ဒဏ်ရာရရှိစေနိုင်သည့် လက်နက်များကို ကိုင်ဆောင်၍ အကြမ်းဖက်မှုတွင် ပါဝင်စေခြင်း၊ အခြားကလေးသူငယ်များကိုပါ ထိုသို့ပြုမူလာစေရန်အတွက် အားပေးအား မြှောက်ပြုလုပ်၍ ဆုချီးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်လာကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို နိုင်ငံရေး အသုံးချ ကိုယ်ကျိုးရှာသူများ၏ အသုံးချခံမဖြစ်စေရေးနှင့် လမ်းမှားမရောက်စေရေး ထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။

 

ယနေ့တွင်လည်း နိုင်ငံရေးအမြတ်ထုတ်လှုံ့ဆော်နေသူများ၏ သွေးထိုး မြှောက်ပင့်ပေးမှုများကြောင့် အချို့မြို့ကြီးများ၌ အစိုးရဆန့်ကျင်ရေး အမှိုက်သပိတ် ဟူ၍ လုပ်ဆောင်လာကြသည်ကို အကျည်းတန်အရုပ်ဆိုးစွာတွေ့ရှိရသည်။ ၎င်းတို့၏ သွေးထိုးမြှောက်ပင့်ပြီး ပြည်သူအများ လုပ်ဆောင်လာစေရန် ပြောကြားနေမှုများကြောင့် အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကို အဘက် ဘက်မှ ထိခိုက်လျက်ရှိစေသည့်အပြင် နိုင်ငံတော်အေးချမ်းသာယာလှပရေးနှင့် တစ်ဦး ချင်း၏ ကျန်းမာရေးကိုပါ ဆိုးရွားသည့်ထိခိုက်မှုများဖြစ်ပေါ်လာစေနိုင်သည့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကိုပါလုပ်ဆောင်လာခဲ့သဖြင့် ပြည်သူအများမှ စိတ်အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိပြီး စိတ်မချမ်းမြေ့မှုများဖြစ်ပေါ်နေရသည်ကို တွေ့ရှိရပါသည်။

 

ထိုကဲ့သို့ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းများပေါ်တွင် အတားအဆီး များချထားခြင်း၊ အမှိုက်များကို စည်းကမ်းမဲ့အကျည်းတန်အရုပ်ဆိုးအောင် လုပ်ဆောင် နေမှုများသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ ပြည်သူများ၏ ကျန်းမာရေးနှင့် စိတ်အနှောင့်အယှက်ကို ဖြစ်ပေါ်စေသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက လုံခြုံတည်ငြိမ်အေးချမ်းသာယာစွာ နေထိုင်လိုသည့် ရပ်ကွက်နေပြည်သူများ နှင့်အတူ ပူးပေါင်း၍ အတားအဆီးများဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။