အိန္ဒိယ၌ ဗိုင်းရပ်ကူးစက်ခံရသူ သုံးသန်းကျော်လာပြီ

ကမ္ဘာပေါ်တွင် လူဦးရေဒုတိယ အများဆုံး အိန္ဒိယနိုင်ငံ၌  ဗိုင်းရပ်ကူးစက်မှု အရှိန်မြင့်တက်လာပြီး သြဂုတ် ၂၃ ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းသုံးသန်းကျော်လာပြီ ဖြစ်သည်။

သြဂုတ် ၂၃ ရက် တစ်ရက်တည်းမှာပင် ဗိုင်းရပ်ကူးစက်ခံရသူ ၆၉၀၀၀ ကျော်ရှိသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး၌ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းမှာ ၃၀၅၀၃၂၆ ဦးရှိလာပြီ ဖြစ်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်း ၅၆၈၈၃ ဦးရှိသည်။

ယခုအခါ အိန္ဒိယနိုင်ငံ၏ ဗိုင်းရပ်ကူးစက်မှုနှုန်းသည် ဗိုင်းရပ်ကူးစက်မှု အများဆုံးဖြစ်သည့် အမေရိကန်နှင့် ဘရာဇီးကိုကျော်လွန်ကာ  ကမ္ဘာ၌ ဗိုင်းရပ်ကူးစက်မှု အမြန်ဆုံးနိုင်ငံ ဖြစ်လာသည်။

လူဦးရေ ဒသမ ဘီလီယံနေထိုင်သော အိန္ဒိယနိုင်ငံ၌  ပြီးခဲ့သည့် သီတင်းပတ်အတွင်း  ဗိုင်းရပ်ကူးစက်မှုနှုန်း ၁၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း  Bloomberg  သတင်းဌာန၏ နိုဗယ်ကိုရိုနာဗိုင်းရပ် စာရင်းကောက်ယူမှုအရ သိရသည်။

ဗိုင်းရပ်ကူးစက်မှုသည်   မြို့ကြီးများဖြစ်သော မွမ်ဘိုင်းနှင့်နယူးဒေလီမြို့တို့မှ ကျေးလက်ဒေသများသို့ ပျံ့နှံ့နေပြီ ဖြစ်သည့်အတွက် ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အစိုးရအဖွဲ့အနေဖြင့်  ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ရန် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။         

Ref: The Straits Times