ပြည်တွင်းငါးဈေးကျဆင်းသဖြင့် ငါးမွေးမြူသူများ လျော့နည်းလာသောကြောင့် ငါးသားပေါက်ဝယ်လိုအား  ၈၀ ရာခိုင်နှုန်းကျဆင်း

ပြည်တွင်းငါးဈေးကျဆင်းသဖြင့်  ငါးမွေးမြူသူများ လျော့နည်းလာသောကြောင့် ငါးသားပေါက်ဝယ်လိုအား ယခင်ကထက်  ၈၀  ရာခိုင်နှုန်းကျဆင်းလာကြောင်း  ငါးသားပေါက်ရောင်းဝယ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အခုအချိန်မှာ ငါးသားပေါက်အရောင်းအဝယ်က ၈၀ ရာခိုင်နှုန်းလောက်ကျသွားတယ်။ ထိုင်းငါးပြေမနဲ့ ငါးတန်သားပေါက်လောက်ပဲရောင်းရတယ်။ အခုက ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး လောက်ပဲ ငါးသားပေါက်ရောင်းရတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ သုံးခွ၊  သန်လျင်၊  ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးမှာ ဖျာပုံ၊ ဒေးဒရဲတို့မှာပဲ ရောင်းရတယ်။ ဈေးနှုန်းက နယ်မြေအလိုက် ခရီးအကွာအဝေးပေါ်မူတည်ပါတယ်။ ငါးကန်အထိလာယူရင် ဈေးတစ်မျိုးနဲ့ပေးတယ်ဟု ၎င်းကပြောသည်။

ပြည်တွင်း၌   COVID-19   ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ငါးဝယ်လိုအားကျ ဆင်းလာသဖြင့် ငါးမွေးမြူသူများ အနေဖြင့် အခက်အခဲများဖြစ်လာပြီး    လျှော့၍မွေးမြူရန် စီစဉ်လာသောကြောင့် ငါးသား ပေါက်   ရောင်းချ သူများ အနေဖြင့်လည်း ဝယ်လိုအား ကျဆင်းလာခြင်း ဖြစ်သည်။

ငါးသားပေါက်များကို တစ်နိုင်ငံလုံးသို့ ဖြန့်ချိလျက်ရှိပြီး ဧရာဝတီတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးက အဝယ်များ ကြောင်း၊ ငါးသားပေါက်ရောင်းချသူများ အနေဖြင့် ငါးမြစ်ချင်းကို မိုးရာသီတွင် သားဖောက်ပြီး ငါးသားပေါက် လက်မမှ လက်မအရွယ်အရောက်တွင် ရောင်းချ ကြောင်း သိရသည်။

 ငါးသားပေါက် သုံးလက်မအရွယ် တစ်ကောင်လျှင် ငွေကျပ် ၂၅ ကျပ် သတ်မှတ်ထားပြီး ငါးပြေမ၊ ရွှေဝါငါးကြင်းနှင့် ထိုင်းငါးခုံးမတို့ကို ကိုယ်တိုင်သားဖောက်မွေးမြူကြကာ မြက်စားငါးကြင်းကို အင်းလေးမှ သယ်ယူ၍   ပြန်လည်ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်