ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁၉ ဦးထပ်တိုး

နေပြည်တော်  ဧပြီ  ၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ  ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၉ ဦးရှိကြောင်း သိရသည်။

(၄-၄-၂၀၂၁)ရက် ည ၈ နာရီမှ (၅-၄-၂၀၂၁) ရက်  ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း  ၁၀၁၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၁၉ ဦး တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂၅၄၅၁၆၁ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း   ၁၄၂၅၃၀ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ  လေးဦးဖြစ်သဖြင့်  ယနေ့အထိ စုစုပေါင်း ၁၃၁၈၁၉  ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။