SJ WorldNews - шаблон joomla Авто

၂ဝ၁၈ အာရှ အားကစားပြိုင်ပွဲတွင် လှေလှော် အားကစားနည်းမှ ပြိုင်ပွဲသုံးမျိုး ဝင်ပြိုင်ရန် စီစဉ်ထား

Tuesday, 26 December 2017 14:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ  ၂၅

၂ဝ၁၈  ခုနှစ်တွင်  အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့်  (၁၈)  ကြိမ်မြောက်  အာရှအားကစား ပြိုင်ပွဲတွင်   မြန်မာအားကစားအဖွဲ့များ  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လှေလှော် အားကစားနည်းမှ    ပြိုင်ပွဲသုံးမျိုးစလုံးတွင်   ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း  လှေလှော်အဖွဲ့ချုပ်  ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းထံမှ သိရသည်။

''မြန်မာလှေလှော် အားကစားအဖွဲ့အနေနဲ့ ပြိုင်ပွဲသုံးမျိုးစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင် သွားဖို့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့  အာရှအားကစားပြိုင်ပွဲနဲ့ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွေမှာ အောင်မြင် မှုရရှိဖို့ပဲဖြစ်ပါတယ်''  ဟု   ဦးသောင်းထိုက်မင်းကပြောသည်။

၂ဝ၁၈ အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ  ဂျကာတာမြို့နှင့်  ပလမ်ဘန်မြို့တို့၌ ၂ဝ၁၈ ခုနှစ် သြဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လှေလှော်အဖွဲ့ချုပ်သည်  လှေလှော်အား ကစားနည်း သုံးမျိုးဖြစ်သည့်   ရိုးရာလှေ၊ အပြည်ပြည်ဆိုင်ရာ လှေနှင့်  ကနူး/ကယက် လှေလှော်အားကစားနည်း သုံးမျိုးစလုံးကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း  သိရသည်။

Read 331 times Last modified on Tuesday, 26 December 2017 14:49