SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တင်းနစ်ပြိုင်ပွဲ စတင်ကျင်းပ

Wednesday, 27 December 2017 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  ၂၆

၂ဝ၁၇ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တင်းနစ်ပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို  ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ  တင်းနစ် အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင်   မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး  အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က  အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အားကစားသမား များအချင်းချင်း   ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်ပြိုင်ပွဲမှ တစ်ဆင့်  နိုင်ငံတကာ အားကစားပြိုင်ပွဲ များတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာ့တင်းနစ်အားကစားသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်နိုင်ဆုများရရှိ ခဲ့သည့် အားကစားနည်းဖြစ်ပြီး နိုင်ငံအတွင်း ၌လည်း လူကြိုက်များ ရေပန်းစားသည့် ကစားနည်းဖြစ်ကြောင်း၊ တင်းနစ်အားကစား မောင်/ မယ်များသည် လျင်မြန်မှု၊ တိကျသေချာမှု၊ သက်လုံကောင်းမှု၊ ခံနိုင်ရည်ရှိမှုနှင့် လေ့ကျင့် သားပြည့်ဝမှုရှိလာအောင်လည်း  ကြိုးပမ်းအားထုတ် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ဒိုင်လူကြီးများ အနေနှင့်လည်း စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ မှန်ကန်စွာဆောင်ရွက် ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်မည့် လက်ရွေးစင်အား ကစားသမားကောင်းများ ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက် တွန်းပြောကြားပြီး တင်းနစ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နှင့် တာဝန်ရှိသူများသည်  ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး  အမျိုးသားအသင်း လိုက်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ ၂ဝ၁၇ ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ အမျိုးသား ၁၂ သင်း၊ အမျိုးသမီးလေးသင်း အားကစားသမား စုစု ပေါင်း ၉၄ ဦးတို့သည် ဒီဇင်ဘာ၂၆ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ တင်းနစ်အားကစားကွင်း၌ နေ့စဉ်နံနက် ၈ နာရီတွင် စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သဖြင့် တင်းနစ်အားကစားနည်းကို  စိတ်ပါဝင်စားသော မိဘပြည်သူများ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

Read 295 times Last modified on Wednesday, 27 December 2017 08:32