SJ WorldNews - шаблон joomla Авто

2018 MNL Charity Cup ဗိုလ်လုပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ကစားမည်

Wednesday, 27 December 2017 08:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်        ဒီဇင်ဘာ      ၂၆

မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပမည့် 2018 MNL Charity Cup ဗိုလ်လုပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ရန်ကုန်မြို့ရှိ အောင်ဆန်း အားကစားကွင်း၌ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

အဆိုပါ MNL Charity Cup ဗိုလ်လုပွဲစဉ်ကို မြန်မာနေရှင်နယ်လိဂ် ဆုဖလားရရှိသည့် အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ဖလား ရရှိသည့် အသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်သော်လည်း ရှမ်းယူနိုက်တက်အသင်းသည် ဆုဖလားနှစ်ခု ရရှိခဲ့သောကြောင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ကစားရမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ယခင်က ကမ္ဘောဇအက်ဖ်စီ အသင်းအမည်ဖြင့် MNL Charity Cup ဗိုလ်လုပွဲစဉ်ကို တစ်ကြိမ်တက်ရောက်ခဲ့ပြီး ချန်ပီယံဆု တစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ကာ ရန်ကုန်ယူနိုက်တက် အသင်းသည် ဗိုလ်လုပွဲသို့ ငါးကြိမ် တက်လှမ်းထားနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် 2018 MNL Charity Cup ဗိုလ်လုပွဲစဉ်မှ ရရှိသည့် ကွင်းဝင်ကြေးများနှင့် ကလပ်အသင်းများက လှူဒါန်းထားသည့် အလှူငွေများကို လူမှုရေး အသင်းအဖွဲ့များထံ လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရသည်။

Read 289 times Last modified on Wednesday, 27 December 2017 08:39