SJ WorldNews - шаблон joomla Авто

ရန်ကုန်နှင့် ရှမ်းယူနိုက်တက် နှစ်သင်း ရာသီကြို ခြေစမ်းပွဲများဖြင့် အကောင်းဆုံး ပြင်ဆင်နေ

Wednesday, 27 December 2017 09:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၂၆

၂ဝ၁၈ ဘောလုံးရာသီအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့သည် ရာသီကြို ပြင်ဆင်မှုများ အဖြစ်

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများနှင့် ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ရှမ်းယူနိုက်တက် အသင်းသည် ရာသီကြိုခြေစမ်းပွဲ စတုတ္ထမြောက် ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၇ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ စလင်း အားကစားကွင်း၌ ဆောက်သမ်းမြန်မာ အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

ထို့အတူ ရန်ကုန်ယူနိုက်တက် အသင်းကလည်း ပဉ္စမမြောက် ခြေစမ်းပွဲအဖြစ် ဒီဇင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲတွင် YUSC ကွင်း၌ GFA အသင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

အဆိုပါ နှစ်သင်းစလုံးမှာ ၂ဝ၁၈ ဘောလုံးရာသီတွင် ပြည်တွင်းပြိုင်ပွဲ များအပြင် အာရှအဆင့် ပြိုင်ပွဲများကို ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် အကောင်းဆုံး ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

 

ပြည်ပ ကစားသမား ခေါ်ယူမှုအဖြစ် နှစ်သင်းစလုံး ကစားသမား သုံးဦးအထိ ခေါ်ယူထားပြီး ဒီဇင်ဘာ ၂၇ ရက် ခြေစမ်းပွဲများ အပြီးတွင် နောက်ဆုံးတစ်ဦးကို အပြီးသတ် ခေါ်ယူဖွယ် ရှိသည်။

 

တီတီ

 

 

Read 338 times Last modified on Wednesday, 27 December 2017 09:22