SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲမှ မျိုးဆက်သစ် အားကစားသမား ၄၂ ဦး ရွေးချယ်

Wednesday, 27 December 2017 09:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည် နိုဝင်ဘာလက ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေ လှော်ပြိုင်ပွဲမှ မျိုးဆက်သစ် ရိုးရာလှေလှော် အားကစားသမား ၄၂ ဦးကို ပဏာမလက်ရွေးစင် ကစားသမားများအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ပဏာမ လက်ရွေးစင် ကစားသမား ၄၂ ဦးတွင် အမျိုးသား ၂၇ ဦးနှင့် အမျိုးသမီး ၁၅ ဦးပါဝင်သည်။ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ကစားသမား အများဆုံး ရွေးချယ်ခံရပြီး အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦး စုစုပေါင်း ၁၂ ဦး ရွေးချယ်ခံရသည်။ ဧရာဝတီတိုင်းဒေသကြီး အသင်းမှ အမျိုးသားကစားသမား ခုနစ်ဦးနှင့် အမျိုးသမီး ကစားသမား နှစ်ဦး စုစုပေါင်းကိုးဦး ရွေးချယ်ခဲ့သည်။ ကချင်ပြည်နယ် အသင်းမှ အမျိုးသား ကစားသမား နှစ်ဦးနှင့် အမျိုးသမီး ကစားသမားလေးဦး စုစုပေါင်းခြောက်ဦး ရွေးချယ်ခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် အသင်းတို့မှ အမျိုးသားနှင့် အမျိုးသမီး ကစားသမား နှစ်ဦးစီ ရွေးချယ်ထားပြီး ရှမ်းပြည်နယ် အသင်းမှ အမျိုးသမီး ကစားသမား သုံးဦး ရွေးချယ်ခံရသည်။ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်သည် ပဏာမ ရွေးချယ် ခံထားရသည့် ကစားသမား ၄၂ ဦးကို ဒီဇင်ဘာ တတိယပတ် မှစ၍ စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ လှေလှော် အဖွဲ့ချုပ်သည် ၂ဝ၁၈ ခုနှစ် သြဂုတ်လအတွင်း အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပမည့် အာရှအားကစား ပြိုင်ပွဲနှင့် ၂ဝ၁၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ တို့တွင် အောင်မြင်မှုများ ရရှိရန် မျိုးဆက်သစ် ကစားသမားများ ဖြည့်ဆည်းကာ ကြိုတင် လေ့ကျင့်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။

MK

Read 279 times Last modified on Wednesday, 27 December 2017 09:23