SJ WorldNews - шаблон joomla Авто

၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် - ၁ ပွဲစဉ်များကို တိုက်ရိုက် ထုတ်လွှင့် ပြသရန် စီစဉ်

Wednesday, 27 December 2017 09:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၂၆

၂ဝ၁၈ ဘောလုံးရာသီတွင် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်-၁ ပွဲစဉ်များကို ပြည်တွင်း ရုပ်သံလိုင်း MRTV-4 မှ တိုက်ရိုက်ပြသရန် စီစဉ်ထားကြောင်း မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ၂ဝ၁၈ ခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအများစုကို MRTV-4 ရုပ်သံလိုင်းမှ ပြသရန် စီစဉ်ထားပြီး ရုပ်သံလိုင်းမှ ပြသနိုင်ခြင်း မရှိသည့် ပွဲစဉ်များကို မြန်မာနေရှင်နယ်လိဂ် Facebook Page မှ Live ပြသမည် ဖြစ်သည်။

၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အိမ်ကွင်းအရေအတွက် တိုးမြင့်လာပြီး နယ်ကွင်းပွဲစဉ် များကိုပါ တိုက်ရိုက်ပြသမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီသည် အဖွင့်ပွဲစဉ်(၁)တွင် ပွဲစဉ်ခြောက်ပွဲ ရှိသည့်အနက် ပွဲစဉ်ငါးပွဲကို တိုက်ရိုက်ပြသရန် စီစဉ်ထားပြီး ဇန်နဝါရီ ၁၂ ရက်တွင် ဇွဲကပင် ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း (သုဝဏ္ဏ အားကစားကွင်း)၊ ဇန်နဝါရီ ၁၃ ရက်တွင် မြဝတီအသင်းနှင့် မကွေးအသင်း (အောင်ဆန်း အားကစားကွင်း)၊ ဇန်နဝါရီ ၁၄ ရက်တွင် ဟံသာဝတီ ယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်း (ပဲခူးအားကစားကွင်း)၊ စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်း(မုံရွာအားကစားကွင်း)၊ ဇန်နဝါရီ ၁၅ ရက်တွင် ရတနာပုံ အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်း (မန္တလာသီရိ အားကစားကွင်း)တို့၌ ကစားသည့် ပွဲစဉ်များကို တိုက်ရိုက်ပြသမည် ဖြစ်သည်။ ၂ဝ၁၈ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ တီတီ

Read 371 times Last modified on Wednesday, 27 December 2017 12:08