SJ WorldNews - шаблон joomla Авто

အမျိုးသမီး လိဂ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပမည်

Wednesday, 27 December 2017 09:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမျိုးသမီးလိဂ် ကော်မတီက ကြီးမှူး၍ KBZ Bank က အဓိကပံ့ပိုးထားသည့် KBZ Bank Women League 2017-2018 ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်တွင် အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည် ဖြစ်ရာ

ပွဲစဉ်များ အားလုံးကို ဝင်ကြေး အခမဲ့ သတ်မှတ်ထားကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားကို ညနေ ၃ နာရီတွင် စတင်မည်ဖြစ်ကာ အဆိုတော်များ ဖြစ်ကြသော ဖြိုးကြီး၊ အားတီ၊ ပိုပို၊ ဂျင်းနီ၊ ကာကာနှင့် Famous Dancer အဖွဲ့က တေးသီချင်း များဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး KBZ Bank Women League 2017-2018 အဖွင့်ပွဲ အဖြစ် သစ္စာအားမာန် အသင်းနှင့် မြဝတီ အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ယခုနှစ် အမျိုးသမီး လိဂ်ပြိုင်ပွဲကို အသင်းရှစ်သင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ပထမအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ ၂၇ ရက်မှ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်အထိ၊ ဒုတိယအကျော့ ပွဲစဉ်များကို ၂ဝ၁၈ ခုနှစ် မတ် ၁၃ ရက်မှ မေ ၁ဝ ရက်အထိ ကျင်းပမည် ဖြစ်သည်။

အဖွင့်ပွဲစဉ် များအဖြစ် ဒီဇင်ဘာ ၂၇ ရက်တွင် သစ္စာအားမာန် အသင်းနှင့် မြဝတီအသင်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် Sport & Education FC နှင့် University FC ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ISPE FC နှင့် YREO FC ၊ ဒီဇင်ဘာ ၃ဝ ရက်တွင် ဂန္ဓမာအသင်းနှင့် ဇွဲကပင်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပြီး ပွဲစဉ်များကို ညနေ ၃ နာရီခွဲတွင် အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ တီတီ

Read 343 times Last modified on Wednesday, 27 December 2017 09:25