SJ WorldNews - шаблон joomla Авто

ရတနာပုံအသင်း နည်းပြချုပ်အဖြစ် ကစားသမားဟောင်း ဦးအောင်ကျော်မိုးကို ခန့်အပ်

Wednesday, 27 December 2017 09:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဒီဇင်ဘာ ၂၆

ရတနာပုံ အသင်း၏ လစ်လပ်နေသော နည်းပြချုပ် နေရာအတွက် ကစားသမားဟောင်း ဦးအောင်ကျော်မိုးကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ရတနာပုံ အသင်းသည် ရေရှည် လက်တွဲခဲ့သော နည်းပြချုပ် ရီနီနှင့် ၂ဝ၁၇ ဘောလုံးရာသီ အပြီးတွင် လမ်းခွဲပြီးနောက် ၂ဝ၁၈ ဘောလုံးရာသီတွင် ပြည်တွင်းနည်းပြ၊ ကစားသမားများဖြင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် အသင်းပိုင်ရှင်က ဆုံးဖြတ်ခဲ့ပြီး AFC (A) လိုင်စင်ရ နည်းပြများထဲမှ တစ်ဦးကို အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆန်ထွန်း ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း အသင်းမန်နေဂျာ ဦးအောင်ဟိန်းခိုင် ထံမှ သိရသည်။

''ကျွန်တော်တို့ နည်းပြချုပ်နေရာကို ခန့်အပ်ပြီးပါပြီ။ အသင်းက ချမှတ်ထားတဲ့ ဘတ်ဂျက် အနေအထားအရ ပြည်တွင်း နည်းပြကိုပဲ ခန့်အပ်ဖို့ စီစဉ်ထားတာပါ။ အခု အသင်းပိုင်ရှင် ကိုယ်တိုင် ရွေးချယ်ပြီး ဦးအောင်ကျော်မိုးကို နည်းပြချုပ်အဖြစ် ခန့်အပ်တာပါ။ တစ်နှစ် သက်တမ်းနဲ့ နည်းပြချုပ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

ရေရှည်လက်တွဲဖို့လည်း ရည်ရွယ်ထားပါတယ်''ဟု ဦးအောင်ဟိန်းခိုင်က ပြောသည်။

ရတနာပုံအသင်းတွင် AFC (A) လိုင်စင်ရ နည်းပြများအဖြစ် ဦးဇော်လေးအောင်၊ ဦးမြင့်ကိုနှင့် ဦးအောင်ကျော်မိုး စသည့် နည်းပြများထဲမှ ဦးအောင်ကျော်မိုးကို နည်းပြချုပ်အဖြစ် ရွေးချယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ တီတီ

Read 319 times Last modified on Wednesday, 27 December 2017 09:26